ဝေးလံခေါင်ဖျား ဒေသရောက် ပညာရေးဝန်ထမ်းများအတွက် အိမ်ရာဆောက်မည်

0
456

လာမည့် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းအတွင်း ဝေးလံသည့် ဒေ သများရှိ စာသင်ကျောင်းများတွင် ပညာ ရေးဝန်ထမ်းအိမ်ရာများ ဆောက်လုပ် မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တစ်ထပ်၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ အလုံး ၆၀ ခန့် ဆောက်လုပ်မည်ဖြစ်ပြီး တိုင်းရင်းသားကျေးရွာများနှင့် ဝေးလံ သည့်ဒေသများတွင် ဦးစားပေးဆောက် မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်း က ဆိုသည်။

တစ်လုံးလျှင် ငွေကျပ်သိန်း ၁၅၀ ခန့်ကုန်ကျမည့် အိမ်ရာများကို တစ်မြို့ နယ်လျှင် ၆ လုံးနှုန်းဖြင့် ဆောက်မည် ဖြစ်ပြီး တစ်ခန်းလျှင် ဆရာမ ၄ ဦးခန့် စုပေါင်းနေထိုင်နိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။
“လုံလုံခြုံခြုံရှိပြီး မိဘ(ဆရာမ၏မိဘ)တွေကလည်း စိတ်ချရမယ်”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
လက်ရှိ ဆရာမများ နေထိုင်ရသည့် အိမ်မှာ ဓနိဖက်များဖြင့်သာ ကာရံထား ပြီး လုံခြုံမှုမရှိသဖြင့် အမြဲတမ်းစိုးရိမ်နေ ရကြောင်း ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦး၏ ခင်ပွန်းက ဆိုသည်။

“ကျောင်းကလည်း ရွာနဲ့အလှမ်း ဝေးတော့ တစ်ခုခုဖြစ်ပြီဆို မလွယ်ဘူး၊ ဒီလိုဆောက်ပေးမယ်ဆိုတော့ အရမ်း ကောင်းတာပေါ့”ဟု အဆိုပါ အမျိုးသား က ပြောသည်။
ပညာရေးဝန်ထမ်းအိမ်ရာကို ယခင် က ပြည်ထောင်စုရန်ပုံငွေဖြင့်သာ ဆောက်လုပ်ရာမှ လာမည့်နှစ်မှစ၍ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်မည် ဖြစ်သည်။