ကော့သောင်းမြို့နယ် လုံးဖောကျေး ရွာအုပ်စု ယုဇနဆီအုန်းကုမ္ပဏီလုပ်ကွက် တွင် ဇွန်လ ၁၇ ရက်ညက တူမီး သေနတ်ဖြင့် အပစ်ခံရ၍ လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
ယုဇနဆီအုန်းကုမ္ပဏီ၏ အထူးဇုန် ၂ လုပ်ကွက်တွင် အဆိုပါလင်မယားနေ သည့် တဲအိမ်တွင် ထိုင်ပြီး စကားပြော နေစဉ် အနီးရှိတဲတွင် နေထိုင်သည့် အသက်၂၇ နှစ်အရွယ်ရှိ အမျိုးသား ရောက်လာကာ တူမီးသေနတ်ဖြင့် ပစ် ခတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
ထိုနောက် အဆိုပါ အမျိုးသားက သေနတ်ကို နေအိမ်တဲရှေ့တွင် ပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦးတွင် ဖောက်ဝင်ဒဏ်ရာ နှစ်ချက်စီ အသီးသီးရရှိခဲ့ပြီး စိုးရိမ်ရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
တူမီးသေနတ်ဖြင့် ပစ်ခတ်သည့် အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ- ၃၀၇ (လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း) ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ ထံမှ သိရသည်။