လောင်းလုံးမြို့နယ် ဈေးလေးဈေးတွင် အေးခဲအသား စစ်ဆေး

0
443

လောင်းလုံးမြို့နယ် အတွင်းရှိ ဈေး လေးဈေးတွင် အေးခဲအသားများ နိုင်ငံ ခြားမှ တရားမဝင် တင်သွင်းရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။
လောင်းလုံးမြို့မဈေး၊ ရေဖြူ၊ ကမြောကင်း၊ မောင်းမကန် ဈေးလေးခု တွင် ဇွန်လ ၂၂ ရက်က စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်စိုးကပြောသည်။

“ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စစ်ပါတယ်။ ဘာမှတော့ မတွေ့ရပါဘူး” ဟု ၎င်းက ဆိုသည်။
ဆေးဝါးနှင့် အစားအသောက်များ သည် ပြည်သူများ နေ့တိုင်းသုံးစွဲနေသည့် အရာများဖြစ်သောကြောင့် ပြည်သူများ အန္တရာယ်ကင်းစေရန် မကြာခဏ စစ်ဆေးပေးရန်လိုကြောင်း လောင်းလုံး မြို့နယ် အင်းဝန်းကျေးရွာမှ ဒေါ်သန်း သန်းဆင့်က ပြောသည်။
“လူကြီးတွေထက် မျိုးဆက်သစ် ကလေးတွေက ပိုပြီး အရေးကြီးတယ် မလား။ အဲလိုမျိုးတွေ စစ်ဆေးပေးတာ အရမ်း ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် လောင်းလုံးမြို့နယ် အတွင်းရှိ ပိုးသတ်ဆေး၊ သွေးတိုးကျဆေး အာရုံကြောထိုးဆေး စသည့်ဆေး ၆ မျိုး ရောင်းချနေမှု ရှိမရှိကို မြို့နယ်အတွင်းရှိ ဆေးဆိုင် ၁၂ ဆိုင်တွင် စစ်ဆေးခဲ့ သေးသည်။