ရှေးဟောင်းအုတ်ခွက်ဘုရား တွေ့သည့်နေရာ ပွင့်လင်းရာသီ တူးဖော်မည်

0
437

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ တွင် ရှေးဟောင်းအုတ်ခွက်ဘုရားအများ အပြားထွက်ပေါ်လာသည့်နေရာအား ပွင့် လင်းရာသီရောက်မှ တူးဖော်မည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာန ခွဲထံမှ သိရသည်။

မိုးရာသီတွင်တူးဖော်ပါက ပျက်စီး ဆုံးရှုံးမှုများ ရှိနိုင်သဖြင့် ပွင်းလင်းရာသီ ရောက်မှတူးဖော်ရန် ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း အထက်ပါဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်ကြူကြူသန်းက ပြောသည်။
ရှေးဟောင်းဘုရားများ တွေ့ရှိ သည့် ပေလေးဆယ်ပတ်လည် မြေနေရာ အား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားပြီး ရှေးဟောင်းသုတေသနရုံးချုပ်မှ တူးဖော်ရေး အတွေ့အကြုံရှိသည့် ပညာ ရှင်များက လာရောက်တူးဖော်မည် ဖြစ် ကြောင်း ဒေါ်နော်ကြူကြူသန်းက ပြောသည်။

“တကယ်တမ်းတူးတဲ့အခါကျရင် တော့ လိုအပ်ရင် သတ်မှတ်ထားတဲ့ ဧရိ ယာထက် နည်းနည်းပိုတူးရင်တူးမှာပေါ့”ဟု ၎င်းကဆိုသည်။
ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိရသည့်နေရာ လုံခြုံရေးကို ကျေး ရွာက တာရှည်ဆောင်ရွက်မပေးနိုင်မည် ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ပါက အမြန်ဆုံး လာရောက်တူးဖော်စေလို ကြောင်း ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးပိုင်က ပြောသည်။

“ကျွန်တော်တို့ကတော့ စောင့်ပေး နေရမယ့်အစား တူးမယ်ဆိုလည်း မြန် မြန်တူးစေချင်တယ်” ဟု ဦးကျော်စိုးပိုင် က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်က ရှင်မုတ္ထီးကျေးရွာတွင် ကျေးရွာသားတစ် ဦး အိမ်ဆောက်လုပ်ရန် ခြံရှင်းရာမှ ရှေး ဟောင်းအုတ်ခွက်ဘုရား အကြီး ၁၁ ဆူ၊ အငယ် ၂၁ ဆူ၊ အပိုင်းအစ ၁၈ ဆူ စုစုပေါင်း ၅၀ ဆူ ထွက်ပေါ်လာခဲ့သည်။

ယင်းထွက်ပေါ်လာသည့် ရှေး ဟောင်းအုတ်ခွက်ဘုရားများကို ရှေး ဟောင်းပစ္စည်းလေ့လာသူအချို့က ပုဂံ ခေတ်လက်ရာများ ဖြစ်နိုင်ကြောင်း ခန့် မှန်းထားကြသည်။