ဟန်ပြ မဖြစ်ဖို့ လိုသည်

0
488

ငါးအမှုန့်ကြိတ် စက်ရုံတွေရဲ့ အနံ့ ဆိုးပြဿနာက ဆယ်စုနှစ် နှစ်ခုကျော် တိုင်တိုင် မြိတ်လူထုအပေါ် တရစ်ရစ် ဖိစီးနေဆဲ။ စက်ရုံတချို့က ဆယ်စုနှစ် နှစ်ခုကျော်၊ တချို့စက်ရုံ တွေကျတော့ ဆယ်စုနှစ် တစ်ခုကျော် သက်တမ်းအထိ ရှိနေပြီ။
ဒီနှစ်ထဲမှာတော့ ငါးအမှုန့်ကြိတ် စက်ရုံတွေက အနံ့သက်လျော့ချရေး အစီ အစဉ်တွေ ဆက်တိုက်ပြုလုပ်လာပါတယ်။
မင်းဇာနည်၊ အဆောင်ကောင်း၊ ဗင်း တေ့ခ်ျနဲ့ ထူးထူးတိုးစက်ရုံတို့က သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီ အစဉ် (Environmental Management Plan-EMP) နဲ့ ပတ်သက်ပြီး ရှင်းလင်း ပွဲတွေ ပြုလုပ်ခဲ့တယ်။

ထူးထူးတိုး ငါးအမှုန့်ကြိတ်စက်ရုံ အထွေထွေမန်နေဂျာ ဦးအောင်အောင်မျိုး ရဲ့အဆိုအရတော့ အနံ့သက်တွေ လျော့ နည်းလာအောင်၊ စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရအောင် ရည်ရွယ်ပြီး လုပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြိတ်တစ်ဘက်ကမ်း ကျွန်းစု မြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျွန်း ပေါ်မှာရှိတဲ့ အောင်မြတ်ဖြိုး အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီလီမိတက်ရဲ့ ငါးအမှုန့် ကြိတ် စက်ရုံက ကနဦး ပတ်ဝန်းကျင်ဆန်း စစ်ခြင်း( Initial Enviromental Examination-IEE ) နဲ့ ပတ်သက်ပြီး တင်ပြ ဆွေးနွေးတာတွေ လုပ်ပါတယ်။

စက်ရုံတာဝန်ရှိသူတွေအားလုံး ပြောကြတာကတော့ အနံ့ဆိုး လျှော့ချ ရေးအတွက် ရည်ရွယ်ပါသတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသခံတွေမှာ မယုံရဲ ယုံရဲ ဖြစ်နေဆဲ။
ဘာလို့ဆို ပြောပြီး ပျောက်သွား တတ်တာမျိုးတွေကလည်း အများသား မဟုတ်လား။ အနံ့ဆိုးကိစ္စနဲ့ ပတ်သက်ပြီး လူထုက ဘယ်လောက်အထိ စိတ်ထဲ မကျေမလည်ဖြစ်သလဲဆိုရင် ငါးအမှုန့် ကြိတ်စက်ရုံတွေက အန်ထွက်နေတဲ့ အနံ့ဆိုးတွေ ပပျောက်အောင် ဆောင်ရွက် ပေးဖို့အရေး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက မြိတ်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတချို့က လမ်း ပေါ်ထွက်ဆန္ဒပြ ကြတဲ့အထိပါပဲ။
ဒါပေမဲ့ ဒုံရင်းက ဒုံရင်းပါပဲ။

NLD အစိုးရလက်ထက်ရောက် တော့ အနံ့ဆိုးတွေနဲ့ ပတ်သက်ပြီး မျှော် လင့်ချက်က တစ်ကျော့ပြန်လာပါတယ်။
“အနံ့ဆိုးတွေ ဆက်ထွက်နေမယ် ဆိုရင် စက်ရုံရပ်နားရမယ်”လို့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ရဲ့ စကားသံကြားရတဲ့နေ့က ဆိုရင် အနံ့ဆိုးအန္တရာယ်က ကင်းဝေး တော့မယ်ဆိုတဲ့ ယုံကြည်မျှော်လင့် ချက်တွေ အရောင်တောက်ခဲ့တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။
အဲဒီနောက်မှာ အနံ့ဆိုးထွက်တဲ့ စက်ရုံတချို့ကို ယာယီပိတ်ခိုင်းပြီး ပြုပြင် မှုတချို့တွေလည်း ပြုလုပ်ခိုင်း ခဲ့ပါတယ်။
အခုတော့EMP/IEE တွေ လုပ် လာကြတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပွင့် လင်းလာတဲ့ ငါးအမှုန့်ကြိတ် စက်ရုံတွေ ရဲ့ လုပ်ဆောင်ချက်က ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတချို့က ဆိုကြတယ်။
ဒါပေမဲ့ လိုက်နာမှုရှိမရှိကို စောင့် ကြည့်ရမည့်အနေအထားမှာ ရှိဆဲလို့ လည်း သံသယနဲ့ ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ အနံ့သက် လျှော့ချရေး အစီအစဉ်တွေနဲ့ ပတ်သက် ပြီး လူထုကို ရှင်းလင်းတင်ပြဆွေးနွေးတာက ပွင့်လင်းမြင်သာမှု ရှိလာတယ်ဆိုပေမယ့် ဒီမှာတင် လမ်းမဆုံးသေးပါဘူး။
ဒီအစီအစဉ်တွေ ရေးဆွဲပြီးရင် အချော သပ်ထွက်လာတဲ့ အစီအစဉ်တွေထဲက အချက်အလက်တွေကို တကယ့်လက် တွေ့ကျကျ လုပ်ဆောင်ပါ့မလား၊ အစီ အစဉ်တွေပါ သတ်မှတ်ချက်တွေကို မလိုက် နာခဲ့ရင် ဘာဆက်ဖြစ်မှာလဲ စသဖြင့် မေးစရာမေးခွန်းတွေ အများကြီး ရှိနေပါ သေးတယ်။

ငါးအမှုန့်ကြိတ်စက်ရုံတွေအတွက် EMP IEE လုပ်ပေးတဲ့ ကုမ္ပဏီရဲ့ အဆိုအရEMP / IEE အစီအစဉ်ထဲ မှာပါတဲ့ စည်းကမ်းချက်တွေကို လိုက်နာ မှုမရှိဘူးဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောဦးစီးဌာန၊ စက်မှုကြီး ကြပ်ရေး ဦးစီးဌာနစသဖြင့် သက်ဆိုင် ရာဌာနတွေက အရေးယူမယ်ဆို အရေး ယူနိုင်ပါတယ်တဲ့။
ဒါဆို အစီရင်ခံစာတွေ ထွက်လာရင် သက်ဆိုင်ရာဌာနတွေက သေချာကြီး ကြပ်ဖို့ လိုမှာပေါ့။
ဘာလို့ဆို အဲလိုမကြီးကြပ်ဘဲ လျော့တိလျော့ရဲ ထားထားမယ်ဆိုရင် အနံ့သက် လျော့နည်းရေးတွေအတွက် လုပ်ခဲ့တဲ့ အခမ်းအနားတွေ ပွဲတွေဟာ ဟန်ပြလုပ်တာမျိုး ဖြစ်သွားမယ် မဟုတ် လား။တကယ့်လက်တွေ့ကျကျ အကောင် အထည်ဖော်လိုက်နာကြတာမျိုး ဖြစ်ဖို့ လိုပါတယ်။

အရေးယူမယ်ဆို ယူလို့ရတယ်ဆိုတဲ့ စကားကို ကောက်ရရင် အရေးမယူချင်လို့ အရေးမယူရင် ပြည်သူတွေက လက်ညိုး ကိုက်နေရမယ့်သဘော။
ဒါကြောင့် လိုက်နာမှုမရှိတဲ့ ငါးအမှုန့် ကြိတ်စက်ရုံတွေကို သက်ဆိုင်ရာဌာန တွေက ကြပ်ကြပ်မတ်မတ် လုပ်စေချင် ပါတယ်။ အရေးယူစရာရှိတာ ထိထိ ရောက်ရောက် အရေးယူဖို့ လိုပါမယ်။
အဲလိုမဟုတ်ဘူးဆိုရင်တော့ အခမ်း အနားတွေလုပ်ပြီးလို့ အပြင်ထွက်လိုက် တာနဲ့ အနံ့ဆိုးက ကြိုနေတယ်ဆိုတဲ့ ကိန်းဆိုက်နေပါလိမ့်မယ်။