သီရိမြိုင်ကွင်းတွင် ဆလုံရိုးရာ ပြတိုက် တည်ဆောက်မည်

0
493

ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက် သီရိမြိုင် ကွင်းတွင် ဆလုံလူမျိုးတို့၏ လူနေမူဘ၀ပုံရိပ်များကို ဖော်ပြ ပေးနိုင်မည့် ဆလုံရိုးရာ ပြတိုက်တည်ဆောက်ရန်အတွက် မြေနေရာ အတည်ပြုသည့် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို မေလ ၂၄ရက်က ဝန်ကြီးချုပ် ဦးဆောင်သည့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြတိုက်တွင် ဆလုံ လူမျိုးတို့၏ အသက်ရှင် နေထိုင်ပုံ ရိုးရာ ဓလေ့ထုံတမ်းများပါသည့် ပြခန်းများ အပါ အဝင် ထင်ရှားသည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ကျွန်းအလှပြခန်းများ အပါအဝင် ပြခန်းများကို နှစ်ပိုင်းခွဲကာ ထည့်သွင်းပုံဖော်သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

“အဓိကကတော့ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင် နိုင်မဲ့နေရာ တစ်ခုဖြစ်ဖို့အတွက် လုပ်တာဖြစ်တယ်”ဟု ဝန်ကြီးချုပ် က ဆိုသည်။
ပြတိုက်တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် လပိုင်းက ကော့သောင်းမြို့တွင် ကျင်းပခဲ့သည့် ခရီးသွားရင်းနှီS; မြှုပ်နှံမူပွဲတော်မှ ရရှိခဲ့သည့် အလှူငွေ ကျပ် ၄၁၅ သိန်းဖြင့် ကနဦး မတည် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြတိုက်ကို နှစ်ထပ်တည်ဆောက်ရန် ယာယီဒီဇိုင်း ထုတ်ထားပြီး ဇွန်လတွင်လုပ်ငန်း စတင်အကောင် အထည် ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး တာဝန်ယူထားသည့် တိုင်းဒေသကြီး ဆောက်လုပ်ရေးဦးစီးဌာနထံမှ သိရသည်။