ဘုရင့်နောင်ကုန်းလာ ဧည့်သည်များထံ ငွေကောက်ခံသူရှိက စည်ပင်သို့ တိုင်နိုင်

0
381

ကော့သောင်းမြို့နယ်၊ ဘုရင့်နောင် ရပ်ကွက်ရှိ ဘုရင့်နောင်ရုပ်ထုတည်ရှိရာ ကုန်းပေါ်သို့ လာရောက် လည်ပတ်လာ သူများထံမှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံနေမူတွေ့ရှိပါက စည်ပင်သာ ယာရေးအဖွဲ့သို့ ဆက်သွယ် တိုင်ကြား နိုင်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆိုသည်။

ဘုရင့်နောင်ကုန်း အလည်လာ သည့် ထိုင်းခရီးသွားဧည့်သည် များထံမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ ၊ ၂၀ စသဖြင့် ကောက်ခံနေသည်ကို စည်ပင် သာယာအဖွဲ့က မသိရှိခဲ့ဘဲ ခွင့်ပြု ထားခြင်းလည်းမရှိကြောင်း အထက်ပါ စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

“အစကတော့ ကျွန်တော်တို့လည်း မသိဘူး၊ ကန်ထရိုက်ယူထားတယ်လို့ပဲ ထင်တာ၊ ဧည့်သည်ကားလာတာနဲ့ ဧည့်သည်တွေဆီ ဖြတ်ပိုင်း ပန်းရောင် လေးတွေပေးပြီး ငွေကောက်တာပဲ”ဟု မြို့တွင်းသို့ ကားဖြင့် အလည်အပတ်ပို့ ပေးနေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးပေးရခြင်း မဖြစ်စေရန် အဆိုပါ ကုန်း အဝင်ပေါက်တွင် “မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုပါ” ဟူသည့် စာသားပါသည့် ဗီနိုင်းတစ်ခုကို ကပ်ပေးသွားမည်ဖြစ်ကြောင်း ဦးဘဂွမ် က ပြောသည်။

လွန်ခဲ့သည့် ၁၅နှစ်ခန့်က ဘုရင့် နောင်စိမ်းလန်းစိုပြေရေး ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံဖူးသော်လည်း မကောက်တော့သည်မှာ ၁၀ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း ဘုရင့်နောင်ကုန်း အစောင့်ထံမှ သိရသည်။