တနင်္သာရီတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူ အများဆုံး

0
445

တနင်္သာရီတိုင်းအတွင်း စာရင်း ကောက်ယူခဲ့သည့် မသန်စွမ်းသူ အမျိုးအစား လေးမျိုးတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူ အများဆုံးဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရ သည်။
မသန်စွမ်းစာရင်းကို ယခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ကောက်ယူခဲ့ပြီး လက်ရှိတွင် လက်ကျန် နောက်တိုး စာရင်း အနည်းငယ်သာ ကျန်တော့ ကြောင်း သိရသည်။

မေလ ၁၆ ရက်အထိ ကောက်ယူ ခဲ့သည့် စာရင်းအရ တနင်္သာရီတိုင်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၄၅၆ ဦး ရှိသည်။

“ကျန်နေတဲ့ နောက်တိုးစာရင်းတွေ ဆက်ကောက်နေတုန်း ရှိသေးတယ်”ဟု တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။
ယင်းအချက်အလက်များကို ကောက်ခံရာတွင် မသန်စွမ်အမျိုးအစား၊ ဖြစ်ပွားရသည့် အကြောင်းအရင်း၊ ကျောင်းနေခဲ့ဖူးခြင်းရှိ / မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ အသက် စသည့် အချက်အလက် ၁၅ မျိုးကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိကောက်ယူရရှိသည့် မသန်စွမ်းဦးရေမှာ ထားဝယ်ခရိုင်တွင် ၁၆၅၁ ဦး၊ မြိတ်ခရိုင်တွင် ၈၉၃ ဦး၊ ကော့သောင်းခရိုင်တွင် ၁၄၃ ဦး စုစုပေါင်း ၂၆၈၇ ဦးတိုင်းလူမှု ဝန်ထမ်း ဦးစီးဌာန စာရင်းများအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း ကောက်ယူ ခဲ့သည့် မသန်စွန်း ၄ မျိုး စာရင်း

မသန်စွမ်းအမျိုးအစား ဦးရေ
ကိုယ်အင်္ဂါမသန်စွမ်း ၁၄၅၆
ဥာဏ်ရည်မသန်စွမ်း ၅၇၅
အကြားအာရုံချို့တဲ့သူ ၄၃၇
အမြင်အာရုံချို့တဲ့သူ ၂၁၉