ပင်လုံအိမ်ရာတိုက်ခန်း ကျန်ငွေ ဆပ်ရမည့်ကာလ တိုးမြှင့်

0
464

ထားဝယ်မြို့ရှိ ပင်လုံအိမ်ရာ တိုက်ခန်းများအား ကနဦး ငါးဆယ် ရာခိုင်နှုန်းပေးသွင်းကာ ကျန်ငွေဆပ်ရ မည့် အချိန်ကာလကို တိုးမြှင့်လိုက်သည်။

ယခင်က တိုက်ခန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းကာ ကျန်ငွေ ကို ၁ နှစ်ဆပ်သည့်စနစ်မှ ၂ နှစ် အတွင်း အရစ်ကျဆပ်ရမည့် စနစ်သို့ ပြောင်းလဲ ဖြေလျော့လိုက်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်မိမိထွေးက ဆိုသည်။

တိုက်ခန်းများကို တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ ဖူးသူများနှင့် အငြိမ်းစားဝန်ထမ်းများကို ရောင်းချနေခြင်း ဖြစ်ပြီး အခန်းဈေးနှုန်း မှာ ကျပ်သိန်း ၂၆၀ မှ ကျပ်သိန်း ၁၂၀ အထိ ၄ မျိုးရှိသည်။

လက်ရှိတွင် အခန်းပေါင်း ၃၀ ရောင်းချထားပြီး ကျပ်သိန်း ၂၀၀ ၊ ၁၅၅ သိန်းနှင့် ၁၂၀ သိန်း ကျသင့်သည့် အခန်းအများစု ကျန်နေသေးကြောင်း အထက်ပါဌာနထံမှ သိရသည်။