အဂတိလိုက်စားသည့် ဝန်ထမ်းကို အဂတိလိုက်စားမှုကော်မရှင်က ဖမ်းဆီးရန် ခွင့်ပြုချက်တောင်းလာက ချက်ချင်းခွင့်ပြုရန် ညွှန်ကြား

0
400

တိုင်းအတွင်း အဂတိလိုက်စားသည့် နိုင်ငံ့ဝန်ထမ်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို အရေးယူရန် နှင့် ဖမ်းဆီးချုပ်နှောင်ရန် ခွင့်ပြုချက် တောင်းလာပါက သက်ဆိုင် ရာဌာန အကြီးအကဲက အမြန်ဆုံးခွင့်ပြု ပေးရန် မေလ ၁၀ ရက်တွင် တနင်္သာရီ တိုင်းအစိုးရက ညွှန်ကြားထားသည်။

အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တိုင်ကြားခံရသူကို စုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးချိန်နှင့် တရားစွဲဆိုသည့် အချိန်များတွင် ထွက် ပြေးတိမ်းရှောင်မှု များပြားနေခြင်းကြောင့် ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူး ဦးကောင်းစံဦးက ဆိုသည်။

မေလ ၁၀ ရက်တွင် တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများကို ညွှန် ကြားခဲ့ခြင်း ဖြစ်သည်။
“အဲလိုဟာမျိုးမှာ သွားပြီး မတား ဆီးဖို့ သူ့လုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ မြန်မြန်လေး ဖြစ်အောင်”ဟု ဦးကောင်းစံဦးက ပြော သည်။
သို့ရာတွင် တနင်္သာရီတိုင်းအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်က စစ်ဆေးသည့်အမှု မရှိသေး ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်က နိုင်ငံ့ဝန်ထမ်း တစ်ဦး ကို တရားစွဲဆိုအရေးယူရန်နှင့် ဖမ်းဆီး ချုပ်နှောင်မှု ခွင့်ပြုရန် ကိစ္စတို့နှင့် စပ် လျဉ်း၍ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးထံ ခွင့်ပြုချက်တောင်း လာပါက ခွင့်ပြုချက် အမြန်ပေးရန် ညွှန် ကြားစာတွင် ဖော်ပြထားသည်။