မြိတ်တွင် အမှိုက်သိမ်းခ ပြေစာပြနိုင်မှ ရပ်ကွက်ထောက်ခံစာ ထုတ်ပေးမည်

0
331

မြိတ်မြို့တွင် အမှိုက်သိမ်းခ ပေး သွင်းပြီးကြောင်း ပြေစာပါမှ ရပ်ကွက် ထောက်ခံစာ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးတစ်ချို့က ပြောသည်။

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့တွင် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း လုပ်ငန်း အချို့ အရှုံးပေါ်နေခြင်းကြောင့် မြို့ပေါ် ၁၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ဧပြီလ ၂၈ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး အမှိုက်သိမ်းခ ကျပ် ၁၀၀၀ တိုး ကောက်ရန်နှင့် ပြေစာပြနိုင်မှ ရပ်ကွက် ထောက်ခံစာထုတ်ပေးရန် ဆုံးဖြတ်ခဲ့ ကြကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

“ဒီလိုမျိုး မထိန်းချုပ်ဘူးဆိုရင် မြိတ် မြို့ကြီးက ပြန်ပြီး အမှိုက်ပုံ ပြန်ဖြစ်လာ မှာပဲ”ဟု ၎င်းက ပြောသည်။
ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ လုပ်ကိုင်သည့် အမှိုက်သိမ်း လုပ်ငန်း များက အမှိုက်သိမ်းခနှုန်းထား တိုးမြှင့် လိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
မြိတ်တွင် ကိုယ်ထူကိုယ်ထ ရပ်ကွက် အမှိုက်သိမ်းလုပ်ငန်းများအတွက် အမှိုက် ကားအစီးတိုင်း၏ ထက်ဝက်ကို အများ ပိုင် ကုမ္ပဏီတစ်ခုက လှူဒါန်းထားပြီး ကျန်တစ်ဝက်ကို လစဉ်ပေးဆောင်ရ သည်။

သို့သော် အမှိုက်သိမ်းခကို သတ် မှတ်နှုန်းထားများအတိုင်း အပြည့်အဝ ပေးဆောင်ကြခြင်း မရှိသည့်အတွက် ကားတန်ဖိုး တစ်ဝက်ကို မပေးသွင်း နိုင်သည့်အပြင် အမှိုက်ကားများကို ပြင် ဆင်ရန် မတတ်နိုင်ခြင်းကြောင့် ယင်းသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။
ပြေစာပြနိုင်မှ ထောက်ခံချက် ပြုလုပ်ပေးမည်ဆိုခြင်းသည် အကြပ် ကိုင်သည့် သက်ရောက်နေပြီး ယင်းသို့ မဖြစ်သင့်ကြောင်း မြိတ်မြို့၊ ရေနံမြေ ရပ်နေ ဦးထွန်းထွန်းဦး ဝေဖန်သည်။

“နှစ်ပေါင်း ၆၀ ကျော် အခြိမ်း ခြောက်ခံလာရတဲ့ အခြေခံလူတန်းစား တွေကို ထပ်ပြီးတော့ ခြိမ်းခြောက်သလို မျိုး မလုပ်သင့်ဘူး။ ပူးပေါင်းပါဝင် ချင်လာအောင် အသိတရားတွေ ပေးဖို့ လိုတယ်”ဟု ဦးထွန်းထွန်းဦးက ဆိုသည်။
မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေး မှူး ဦးတင်ဇော်ကမူ ပြေစာပါမှ ထောက်ခံ စာလုပ်ပေးမည်ကို မူအားဖြင့် လက်ခံ သော်လည်း ချက်ချင်း မဟုတ်ဘဲ တဖြည်း ဖြည်းချင်း စည်းရုံးသွားမည်ဟု ဆိုသည်။

“တဖြည်းဖြည်းနဲ့ စည်းရုံးပြီး တော့မှ ပြည်သူတွေ ပူးပေါင်း ပါဝင် လာအောင် ကျွန်တော်တို့ လုပ်သွားမယ်”ဟု ဦးတင်ဇော်က ပြောသည်။
မြိတ်မြို့အတွင်း စည်ပင်သာယာ ရေးပိုင် အမှိုက်သိမ်း ယာဉ် ၅ စီးနှင့် ရပ်ကွက်ပိုင် အမှိုက်သိမ်းယာဉ် ၁၅ စီး တို့ဖြင့် လည်ပတ်လျက်ရှိကြောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။