မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး အများသုံးအိမ်သာ ဆောက်မည်

0
359

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်နိမိတ်ဖြစ်သည့် မလွှဲတောင်စစ်ဆေး ရေးဂိတ်တွင် အများသုံးအိမ်သာများကို လေးလအတွင်း တည်ဆောက်မည်ဖြစ် ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးက ပြောသည်။

လက်ရှိစစ်ဆေးရေးဂိတ်နှင့် ပေ ၃၀၀ ခန့်အကွာ တနင်္သာရီတိုင်းဘက်ခြမ်း တွင် အမျိုးသားသုံးအိမ်သာ ၅ ခန်းနှင့် အမျိုးသမီးသုံး အိမ်သာ ၅ ခန်းကို ဆောက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ဆိုသည်။
“ခရီးသည်တွေ ကိုယ်လက်သန့် စင်လို့ရအောင် အပြင်ဘက်မှာ မှန်နဲ့ ဘေစင်ကိုပါ ထားပေးမယ်”ဟု ဦးဝင်း မင်းထွဋ်က ပြောသည်။

ထို့အပြင် အဆိုပါနေရာရှိ ဈေး ဆိုင် ၅ ဆိုင်ခန့်ကိုလည်း အမြင်တင့် တယ်မှုရှိစေရန် ဆောက်လုပ်မည်ဖြစ်ပြီး အိမ်သာအတွက် ကုန်ကျမည့်ငွေကြေးကို တွက်ချက်နေဆဲဖြစ်ကြောင်း ဦးဝင်းမင်း ထွဋ်က ပြောသည်။

ခရီးသည်တင်ကားများနှင့် ယာဉ် သွားလာမှုကို စစ်ဆေးနေသည့် စစ် ဆေးရေးဂိတ်မှ ပေရာချီဝေးကွာသည့် မွန်ပြည်နယ်ဘက်ခြမ်းတွင် အိမ်သာများ ရှိသော်လည်း ဂိတ်နှင့် အလှမ်းဝေးကွာ သည့်အတွက် ခရီးသည်များ အသုံးပြုမှု မရှိသလောက် နည်းပါးသည်။
မလွှဲတောင်စစ်ဆေးရေးဂိတ်သည် ခရီးသည်ကားများပေါ်မှ ခရီးသည်များ ကို အောက်ဆင်းလမ်းလျှောက်စေကာ မှတ်ပုံတင်စစ်ဆေးသည့် ဂိတ်ဖြစ်သည်။