မြိတ်ခရိုင် ဆေးရုံကြီး၌ ဆရာဝန် တစ်ဝက်သာရှိ

0
458

မြိတ်ခရိုင်အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ခွင့်ပြုဆရာဝန် ဦးရေ၏ ထက်ဝက်ကျော် လစ်လပ်နေကြောင်း မြိတ်ခရိုင် ဆေးရုံအုပ်ကြီးထံမှ သိရ သည်။
ခုတင်၂၀၀ ဆန့်သည့် ယင်းဆေးရုံ ၌ ဖွဲ့စည်းပုံအရ ဆရာဝန် ၆၈ ဦးရှိ ရမည့်နေရာ၌ လက်ရှိစာရင်းအရ လက်ထောက်နှင့် အထူးကုအပါအဝင် ၃၁ ဦးသာရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ပြောသည်။
အထက်ပါ ၃၁ ဦးအနက် လက်ရှိ ၂၅ ဦးဖြင့်သာ ဆေးရုံနှစ်ရုံအား လည်ပတ်နေရကြောင်း ဆေးရုံအုပ် ကြီးက ပြောသည်။

“နယ်ဆေးရုံတွေ ခွဲပေးထားတာနဲ့ ဘွဲ့လွန်တက်နေသူတွေလည်း ရှိတယ်” ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
ဆေးရုံနှစ်ရုံပေါင်း လက်ရှိ တက် ရောက် ကုသနေသည့် လူနာ ၂၆၈ ဦးရှိပြီး ပြီးခဲ့သည့်လက ၃၈၀ ဦးအထိ တက်ရောက် ကုသခဲ့ကြောင်း သိရ သည်။
“ဆရာဝန်လိုအပ်ချက်က ဒီတစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး မှာကို လိုအပ်နေတာ”ဟု ၎င်းက ဆိုသည်။

ဆရာဝန်လိုအပ်မှု ရှိနေသည်ကို တိုင်းကျန်းမာရးဦးစီးဌာန မှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြထားပြီး သက် ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် များကိုလည်း လတ်တလော ပြန်လည် တင်ပြထားကြောင်း ဒေါက်တာ သန္တာမျိုးဝင်းက ပြောပြသည်။
“လူနာများရင် ထမင်းစားဖို့တောင် အချိန်မပေးနိုင်ဘူး”ဟု ယင်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

ကျွမ်းကျင်ပညာရှင်များသည် ချက်ချင်းမွေးထုတ်ရန် မရသည့်အတွက် ချက်ချင်းဖြည့်ဆည်းရန် မလွယ်ကူ ကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။
မြိတ်မြို့၌ ပြည်သူ့ဆေးရုံနှစ်ခုနှင့် ပုဂ္ဂလိကဆေးရုံ ငါးခုရှိကြောင်း ဆေးရုံ အသိုင်း အသိုင်းအဝိုင်းမှ သိရသည်။