ယခင်နှစ် ချန်ပီယံဆုရအသင်းသား အများစုဖြင့် အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဝင်မည်

0
425

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ယမန်နှစ်က ချန်ပီယံ တံခွန်တိုင် ဒိုင်းဆု ရယူပေးခဲ့သော ကစားသမား အများစုဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း တိုင်းအား ကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် ပြိုင်ပွဲဝင်ရောက်ရန် ၁၂ ဦး ရွေးချယ်ထားရာ ယမန်နှစ်က ကစား သမား ၁၀ ဦး ပါဝင်မည်ဖြစ်ကြောင်း အထက်ပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
၎င်းတို့အနက် ယမန်နှစ်က တိုင်း နှင့်ပြည်နယ် အကောင်းဆုံးကစား သမား ဆုရတစ်ဦး၊ အာဆီယံအဆင့် တက္ကသိုလ် ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ရန် ပဏာမ ရွေးချယ်ခံထားရသူ နှစ်ဦး ပါဝင်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“အခုကျွန်တော်တို့အသင်းမှာ အား ရတာကတော့ စပေးဘော အရမ်းကောင်း တယ်”ဟု ယင်း အမျိုးသမီးဘော်လီဘော အသင်း နည်းပြချုပ် ဦးဝင်းဖေက ပြော သည်။
ယခုနှစ်ပြိုင်ပွဲတွင်လည်း ဆုတစ် ခုခုရရန် မျှော်မှန်းထားကြောင်း အသင်း ခေါင်ဆောင် မဝါဝါအောင်က ပြောသည်။
တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲကို နေပြည်တော်တွင် မေလ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ယမန်နှစ်က တနင်္သာရီအမျိုးသမီး ဘော်လီဘောအသင်းက တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲတွင် တံခွန်တိုင်ဒိုင်းဆု တစ်ခုနှင့် အကောင်းဆုံးကစားသမားဆု တို့ကို ဆွတ်ခူးခဲ့သည်။