မြိတ်ရှိ ကျွန်းအချို့တွင် စုပေါင်းအမှိုက်ကောက်

0
418

ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်း အချို့ပေါ်တွင် ဧပြီလ ၃၀ ရက်က စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
ဒုံးရေတံခွန်ကျွန်း၊ နတ်သမီး ရေ တွင်းကျွန်းနှင့် စမတ်ကျွန်းများတွင် ခရီး သည်များ စွန့်ပစ်ခဲ့သည့်အမှိုက်များကို ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာန၊ ခရီးသွားလုပ်ငန်းရှင်များနှင့် ပရ ဟိတအဖွဲ့များ စုပေါင်း အမှိုက်ကောက် ခဲ့ကြခြင်း ဖြစ်သည်။

ခရီးသည်လာရောက်မှုများသည့် ကျွန်းများ သန့်ရှင်းလှပသာယာရေး အတွက် အမှိုက်ကိစ္စ ရေရှည်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အောက်မြန်မာ ပြည်တာဝန်ခံ) ဦးမြင့်ထွေးက ပြောသည်။
“ချက်ချင်းလုပ်လို့ ချက်ချင်းလိုက် နာမှာတော့ မဟုတ်ဘူး။ ရေရှည်စီမံကိန်း ပုံစံနဲ့လုပ်မှ တဖြည်းဖြည်း လိုက်နာ လာကြမယ်”ဟုဒုတိယညွန်ကြားရေးမှူး ချုပ်က ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း အဆိုပါကျွန်းများသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည်သည် တစ်ထောင်ခန့် လာ ရောက် လည်ပတ်ခဲ့ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
မြိတ်ခရိုင်အတွင်း ခရီးသွားဝန် ဆောင်မှုလုပ်ငန်း လက်ရှိ ၃၁ ခု ရှိနေ ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ) ထံမှ သိရ သည်။