ဆန်းချီချောင်းမြေထိန်းနံရံ ပြိုကျသည့်အပိုင်းကို ပြန်ဆောက်မည်မဟုတ်တော့ဟုဆို

0
430

ထားဝယ်မြို့ဆန်းချီချောင်းအတွင်း တည်ဆောက်ပြီး လပိုင်းအကြာတွင် ပြိုကျသွားခဲ့သည့် မြေထိန်းနံရံအပိုင်းကို ပြန်ဆောက်တော့မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြော သည်။
တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့က မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ မေလ ၂ ရက် က တိုင်းဒေသကြီးလွှတ်တော်တွင် လာ ရောက်ရှင်းလင်းရာတွင် ယင်းသို့ ပြော ဆိုခဲ့ခြင်းဖြစ်သည်။
အရှည်ပေ ၇၂၀၀ ရှိ အဆိုပါ မြေ ထိန်းနံရံကို ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က လက်ရှိဘဏ္ဍာရေး နှစ်တွင် တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ပြီး ကမ်းနားလမ်းနှင့် ထားဝယ်မြစ် အကြားရှိ အရှည်ပေ ၁၀၀ ခန့်မှာ ဧပြီလ ၁၂ ရက်နေ့က ပြိုလဲခဲ့သည်။

ထားဝယ်မြစ်နှင့် ကမ်းနားလမ်း အကြားတွင် အရှည်ပေ ၄၀၀ ခန့် (ဘယ်ညာ ၈၀၀ ပေ) ရှိပြီး ပေ ၁၀၀ ခန့် ပြိုလဲခဲ့ခြင်း ဖြစ်သည်။
ပြိုကျသည့်အပိုင်း အပါအဝင် ပေ ၈၀၀ ခန့်ကို စည်ပင်အဖွဲ့(၎င်းအပါအဝင် အင်ဂျင်နီယာများ)က စုပေါင်းကျခံကာ ပြန်ဆောက်ရန်ရည်ရွယ်ခဲ့သော်လည်း ယင်းနေရာတွင် ဒီရေ အတက်အကျရှိ ခြင်း၊ နှုန်းများခြင်းကြောင့် တည် ဆောက်တော့မည် မဟုတ်ကြောင်း ညွှန် ကြားရေးမှူး ဦးလှမျိုးက ဆိုသည်။
ယင်းကဲ့သို့ ပြုလုပ်ရန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များပါဝင်သည့် ဆန်းချီချောင်း ပြန်လည်ပြုပြင်တည် ဆောက်ရေးကော်မတီက ဆုံးဖြတ်ခဲ့ ကြောင်း ဦးလှမျိုးက ဆိုသည်။

“တကယ့် ဘိုးပိုင်(မြေအောက် သို့တူးဖော်၍ ကွန်ကရစ်ဖြင့် အခိုင် အမာ ဆောက်လုပ်ခြင်း)တွေနဲ့ မလုပ်သ ရွေ့ မလုပ်သင့်ဘူးလို့ ဆုံးဖြတ်တယ်”ဟု ညွှန်ကြားရေးမှူး ဦးလှမျိုးက ပြောသည်။
အရှည်ပေ ၈၀၀ အတွက် ကုန်ကျ မည့်ငွေများအပါအဝင် စုစုပေါင်း ကျပ် သိန်း ၆၀၀ ကျော်ကို စည်ပင်သာယာရေး အဖွဲ့က အကုန်ကျခံမည်ဖြစ်ကြောင်း ဦးလှမျိုးက ပြောသည်။
ယင်းငွေ ကျပ်သိန်း ၆၀၀ ကျော်ကို ချောင်းအထက်ဘက်ရှိ တည်ဆောက်ပြီး မြေထိန်းနံရံများ ပိုမိုကြံ့ခိုင်စေရန် ပေ ၂၀ စီခြားကာ RC (သံကူကွန်ကရစ်)ဒေါက်တိုင် ၁၅၀ အပါအဝင် မြေကာနံရံ များ ထပ်မံတည်ဆောက်မည်ဟု ၎င်းက ပြောသည်။

ကမြောကင်းလမ်းရှိ မယ်ဒီလန်း ဆေးရုံအနီးမှ ထားဝယ်မြစ်အထိ ဆန်း ချီချောင်းတစ်လျှောက် အရှည်ပေ ၇၆၀၀ ရှိ မြေထိန်း နံရံကို ငွေကျပ် သိန်းပေါင်း ၃၉၄၀ အကုန်အကျခံကာ မြို့နယ်စည်ပင် က တာဝန်ယူတည်ဆောက်ခဲ့သည်။
မြေထိန်းနံရံအရှည်တစ်ပေလျှင် ငွေကျပ် ငါးသောင်းခွဲနှုန်း ကျသင့် ကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။
မြေထိန်းနံရံကို စတင်တည်ဆောက် စဉ်ကပင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ဖြင့် အရှည်ပေ ၇၆၀၀ ကို ဒီဇိုင်းဆွဲပြီး တာဝန်ယူ လုပ်ဆောင်ထားသည့်အတွက် စည်ပင်က စိုက်ထုတ်ကျခံမည့်ငွေကြေး ကို မြေထိန်းနံရံကြံ့ခိုင်ရေးလုပ်ငန်း လုပ် ဆောင်ရာတွင် ထပ်မံသုံးစွဲရန် မလိုအပ် တော့ဟု ထင်မြင်ကြောင်း လူထုအလင်း ရောင်ကွန်ယက် (ထားဝယ်) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခင်မောင်သိန်းက ဆို သည်။

စည်ပင်သာယာရေးအဖွဲ့က စိုက် ထုတ်မည့် ငွေကို တာဝန်ရှိသူများထံသာ အပ်နှံသင့်ကြောင်း ၎င်းက ဆိုသည်။
ကမ်းနားလမ်းနှင့် ထားဝယ်မြစ် အကြား ပေ ၈၀၀ ခန့် အရှည်ရှိသည့် (ပြိုလဲသည့်အပိုင်း အပါအဝင်) မြေထိန်း နံရံကို ပြန်ဖျက်မည်ဖြစ်ကြောင်း စည်ပင် အဖွဲ့ ညွှန်ကြားရေးမှူးက ဆိုသည်။
မြေထိန်းနံရံ ပြိုကျမှုနှင့် ပတ်သက် ၍ ထားဝယ်မြို့ဒေသခံများအကြား ပြော ဆိုဝေဖန်မှုမြင့်တက်နေသည်။ À