ထားဝယ် ပိုက်ကျော်ခြင်းကစားသမားများ အခြားမြို့နယ်များတွင် ဝင်ပြိုင်က ကန့်ကွက်မည်

0
473

ထားဝယ်မြို့နယ်က ပိုင်ကျော်ခြင်း ကစားသမားများအနေဖြင့် အခြားမြို့ နယ်လူရွေးပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ပါက ကန့်ကွက်မည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။
ထားဝယ်ကစားသမားများအနေ ဖြင့် ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက် ကျော်ခြင်း လူရွေးချယ်ပွဲတွင် ဝင်ရောက် အရွေးခံနိုင်ကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

“ကိုယ်က တိုင်းလက်ရွေးစင်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီပြိုင်ပွဲမှာ မဖြစ် မနေ လာရွေးခံရမယ်။ ဒီကနေပြီး တခြား မှာ သွားရွေးခံမယ်ဆိုရင်တော့ မြို့နယ် အားကာက ကန့်ကွက်ခွင့်ရှိတယ်” ဟု ဦးသန်းဇော်မိုးက ဆိုသည်။
ထားဝယ်မြို့နယ်ကိုယ်စား ပိုက်ကျော် ခြင်းအားကစားသမားများ မဆုံးရှုံး စေရန်အတွက် မြို့နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီက ယင်းကဲ့သို့ စည်းကမ်း သတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
ထားဝယ်မြို့နယ်လူရွေးပွဲကို မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်း ပမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင် လိုသူ များအနေဖြင့် အသင်းလိုက်စာရင်းပေးသွင်းနိုင်ကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ရွေးချယ်ခံမည့်သူများအနေဖြင့် မေလ ၁၀ ရက် နောက်ဆုံးထားကာ မြို့နယ် အား/ ကာတွင် စားရင်းပေးသွင်း နိုင်ပြီး ကစားသမားတစ်ဦးကို အား ကစားဝတ်စုံ တစ်စုံစီ ပေးအပ်မည်ဖြစ် ကြောင်း ဦးသန်းဇော်မိုးကပြောသည်။
ပြိုင်ပွဲအတွက် အသင်း ၁၀ သင်းကို လက်ခံယှဉ်ပြိုင်စေမည်ဖြစ်ပြီး မြို့နယ် လက်ရွေးစင် ကစားသမား ၆ ဦး ရွေးချယ် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်က မြို့နယ်လက်ရွေးစင် များ ကို ရွေးချယ်ရာတွင် ရွေးနေကျ ကစား သမားများကိုသာ ရွေးချယ်လေ့ရှိသည့် အတွက် အချို့ကစားသမားများမှာ အခြား မြို့နယ်များတွင် သွားရောက်ရွေးချယ်ခံ ကြသည်ဟု ထားဝယ်မြို့နယ်မှ ပိုက်ကျော် ခြင်း ကစားသမားအချို့က ပြောသည်။
“ခေါ်နေကြကစားသမားကို ခေါ်တာ မျိုးထက် မျိုးဆက်သစ်လူငယ်ကစား သမားတွေကို ရွေးပြီး သေချာလေ့ကျင့် ပေးစေချင်တယ်”ဟု ဖိတ်ခေါ်ပိုက်ကျော် ခြင်းပြိုင်ပွဲများတွင် ဝင်ပြိုင်လေ့ရှိသည့် ထားဝယ်မြို့ခံ ကစားသမားတစ်ဦးက ပြောသည်။

၂၀၀၈ ခုနှစ်တွင် ထားဝယ်မြို့နယ်မှ ပိုက်ကျော်ခြင်းကစားသမားတစ်ဦး နိုင်ငံ့ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖူး ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။