အမျိုးသား လွှတ်တော်ရေးရာ ကော်မတီနှစ်ခု ဘန်ချောင်း ကျောက်မီးသွေးတွင်း လာစစ်

0
428

ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသ ကွမ်းချောင်ကြီးကျေးရွာရှိ ကျောက်မီး သွေးတွင်းကို အမျိုးသားလွှတ်တော် သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကော်မတီနှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ကော်မတီမှ ကိုယ်စားလှယ်နှစ်ဦး လာရောက်စစ်ဆေး ခဲ့သည်။
ယင်းကိုယ်စားလှယ်နှစ်ဦးသည် ဧပြီလ ၃၀ရက်တွင် ဘန်းချောင်း ကျောက်မီး သွေးတွင်းရှိ စွန့်ပစ်မြေစာပုံ များ၊ ရေစစ်ကန် တည်ဆောက်ထားသည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ညပိုင်းတွင် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကုမ္ပဏီဖက်က ဒေသခံများအတွက် လူမှုစီးပွားရေးလုပ်ငန်းများ မလုပ်ဆောင် ထားသည့်အပြင် မြေစာပုံများကိုလည်း စနစ်တကျ စွန့်ပစ်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အမျိုးသား လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဝင် ဦးဟန်ဝင်း သိန်းက ပြောသည်။
“တကယ့်မိုင်းတစ်ခု လုပ်သင့် လုပ် ထိုက်တဲ့ စနစ်တွေ စနစ်တကျ မလုပ် ထားတာကို သွားတွေ့ရတာပေါ့”ဟု ဦးဟန်ဝင်းသိန်းက ဆိုသည်။

ယင်းတွေ့ရှိချက်များကို ကော်မတီ ဥက္ကဋ္ဌ ထံတင်ပြသွားမည်ဖြစ်ပြီး အစိုးရ ထံ သီးခြား အစီရင်ခံစာတစ်စောင် ရေးသား ပေးပို့ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မိမိတို့ဒေသတွင် ဖြစ်ပျက်နေသည့် ကျန်းမားရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ထိခိုက်၊ နစ်နာမှုများကို ပြည်သူ များကိုယ်စား အစိုးရကို တင်ပြဆွေးနွေး ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ကတော့ ဒီကျောက်မီး သွေးမိုင်း ဆက်တူးဖို့ကို ဒေသခံတစ် ယောက်အနေနဲ့ လုံးဝ မလိုတော့ဘူး။ ဒါကိုလည်း အစိုးရကို သိစေချင်တယ်”ဟု ကွမ်းချောင်းကြီးကျေးရွာ အုပ်ချုပ်ရေး မှူး စောနွေလှနိုင်က ဆိုသည်။
ဘန်းချောင်းဒေသတွင်East star Mining ကုမ္ပဏီက ကျောက်မီးသွေး တူးဖော်ခွင့် ၆၄ ဧက ရရှိထားပြီး ပြီးခဲ့ သည့် ၂၀၁၇ ခုနှစ်က ယင်းကုမ္ပဏီအား တိုင်းအစိုးရက လုပ်ကိုင်ခွင့် ယာယီ ရပ်နားထားရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။