ကျွဲသုံးညီမတွင် လယ်ပြန်စိုက်ရန် ပြင်

0
446

လယ်ပျက်စီးခဲ့ခြင်းကြောင့် ဆယ်စု နှစ်တစ်ခုကျော်အကြာ လယ်မစိုက်ဖြစ် ခဲ့သည့် ကျွဲသုံးညီမကျေးရွာတွင် လယ်ပြန် စိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း တာဖြစ် မြောက်ရေး အဖွဲ့ခေါင်းဆောင်က ပြော သည်။
ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေး ရွာတွင် လယ်ဧက သုံးထောင်ကျော်ရှိ သော်လည်း ၂၀၀၈ ခုနှစ်ဝန်းကျင်က တာရိုးပျက်စီးကာ ပင်လယ်ရေငန် ဝင် ခြင်းကြောင့် လယ်ဧက အားလုံးပျက် စီးခဲ့ကြောင်း တာဖြစ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်သိန်းက ပြောသည်။

ယင်းရွာသည် ပင်လယ်ရေ ဝင် ရောက်သည့် ဟိန္ဇဲချောင်းနံဘေးတွင် တည်ရှိသည်။
လယ်မြေကို ကာရံထားသည့် တာ ရိုးများမှာ ဒီရေတောပြုန်းတီးလာခြင်းနှင့် အတူ ၂၀၀၈ ခုနှစ် ဝန်းကျင်တွင် ရေနံကုမ္ပဏီများ၏ သင်္ဘောများဝင်ထွက် သွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းများကြောင့် ပျက်စီးခဲ့ပြီးနောက် လယ်ကို ပင်လယ်ရေလွှမ်းခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

၂၀၁၃ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးမြတ်ကို အစိုးရလက်ထက်က ကျပ် ၉၈၈ သိန်းနှင့် လက်ရှိ အစိုးရလက်ထက်တွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ တို့ဖြင့် တာကို ပြန်လည်တည်ဆောက်ခဲ့သော်လည်း ရာနှုန်းပြည့်ပြီးစီးရန် လုံလောက်မှု မရှိသေးကြောင်း တာဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်သိန်းက ဆိုသည်။

လက်ရှိအချိန်အထိ ဧက ၄၈၀ ကိုသာ တာတည်ဆောက်ပြီးစီးသည်ဟု ၎င်းက ပြောသည်။
ဧက ၃၀၀၀ စလုံးကို ပြန်လည် ပြင်ဆင်နိုင်ရန် ငွေကျပ်သိန်း ၁၅၀၀ ခန့်ထပ်မံ လိုအပ်သည်ဟု ၎င်းက ဆိုသည်။
“တာတမံပျက်သွားလို့ ၁၀ နှစ်လုံး လုံး ဘာမှ လုပ်လို့ မရတော့ဘူး။ လယ် ထဲမှာ ဒီရေတောပင်တွေပေါက် နေ တယ်။ လယ်စိုက်ဖို့ ဆိုရင် အဲဒါတွေ ကိုအရင် တော်တော် ရှင်းရဦးမယ်။ အခု ၂၀၁၈ မှာ ဧက ၁၅၀ လောက် စိုက် ဖြစ်မယ်”ဟု ဦးဇော်သိန်းက ဆိုသည်။

ယခုနှစ်စိုက်မည့် လယ် ၁၅၀ ဧက မှာ အတွင်းဘက်ကျပြီး ရေငန်ဝင်ရောက် မှုဒဏ် ခံရနည်းသဖြင့် စိုက်ပျိုးပါက အောင်မြင်နိုင်သည်ဟု ၎င်းက ဆိုသည်။
လယ်မပျက်စီးခင်က ကျွဲသုံးညီမ ကျေးရွာတွင် စပါးတင်းပေါင်း သောင်းချီ ထွက်ရှိသဖြင့် အခြားအရပ်ဒေသသို့ပင် တင်ပို့နိုင်ခဲ့သော်လည်း လယ်ပျက်စီးပြီး နောက်ပိုင်း မော်လမြိုင်က ဆန်ဝယ်ယူ အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဟိန္ဇဲဒေသတွင် ကျွဲသုံးညီမကျေးရွာ အပြင် အခြား ဂန်းတော၊ လငန်း စသည့် ကျေးရွာများတွင်လည်း တာပျက်စီးကာ လယ်များ ပျက်စီးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။