အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်၍ ငါးခိုးလှေ သတင်းပေးရန် အခက်အခဲရှိ

0
384

ကော့သောင်းခရိုင် မြန်မာ့ပင်လယ် ပြင်တွင် နိုင်ငံခြားငါးဖမ်းစက်လှေများ တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆို သော်လည်း ရေလုပ်သားများကမူ သတင်း ပေးတိုင်ကြားပါက အသက် အန္တရာယ် ခြိမ်းခြောက်ခံရနိုင်ခြင်းကြောင့် တိုင်ကြားရန် မလွယ်ကူဟု ဆိုသည်။

ကော့သောင်းခရိုင် ပင်လယ်ပြင် တွင် လှေနံပါတ်များကို ဖုံးအုပ်ထားသည့် ထိုင်းငါးခိုးဖမ်းစက်လှေများ ဆက်တိုက် ဝင်ရောက်ကာ ဖမ်းဆီးမှုများရှိနေကြောင်း ယင်းနေရာတွင် ငါးဖမ်းသည့် ပြည်တွင်း ငါးဖမ်းလှေများထံမှ သိရ သည်။
ရေလုပ်သားများက အချက်အလက် အခိုင်အမာဖြင့် အဖွဲ့ချုပ်ထံ သတင်းပို့ တိုင်ကြားပါက သက်ဆိုင်ရာ ရေတပ် စခန်းများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင် မည်ဟု ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်က ဆိုသည်။

ပင်လယ်ပြင်ရှိ အခြေအနေကို ရေလုပ်သားများက ပိုသိကြသည့်အတွက် တရားမဝင် ငါးခိုးဖမ်းလှေများကို အရေး ယူနိုင်ရန် လှေသမားများ၏ သတင်းပေး ပို့ မှုကို အဓိက လိုအပ် သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က သတင်းပေးရင် ခြိမ်းခြောက်မူတွေ ခံရတယ်၊ ပင်လယ် ထဲမှာ မှတ်တမ်းယူဖို့က မလွယ်ဘူး။ အခန့်မသင့် လှေနဲ့လိုက် တိုက်သတ်တာ မျိုးတွေတောင် ကြုံရဖူးတယ်”ဟု အောင်ဘာ ကျေးရွာမှ ရေလုပ်သားတစ်ဦး က ပြောသည်။

ငါးမဖမ်းရရာသီတွင် တရားဝင် ငါးဖမ်းလှေများကို ကန့်သတ်ထားသော် လည်း နိုင်ငံခြား ငါးခိုးဖမ်းလှေများ အပါအဝင် တရားမဝင် ငါးဖမ်းလှေများ ကို အရေးယူနိုင်ခြင်း မရှိပါက ထိရောက် မှုရှိမည်မဟုတ်ဟု ကော့သောင်းပင်လယ် ပြင်တွင် ငါးဖမ်းနေသည့် လှေပဲ့နင်းများ က ဆိုသည်။
“ငါးမဖမ်းရရာသီ (ငါးသားပေါက် ရာသီ) သတ်မှတ်တဲ့အချိန် ထိုင်းလှေတွေ ကို မဖမ်းဘူးဆိုရင်တော့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပဲ”ဟု ကော့ သောင်းပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေ ပဲ့နင်းတစ်ဦးက ပြောသည်။

ငါးခိုးဖမ်းလှေများနှင့် ပတ်သက် ပြီး ရေတပ်အပါအဝင် သက်ဆိုင်ရာ၏ ကြပ်မတ်မှုမှာ အားရဖွယ်မရှိဟု ငါး လုပ်ငန်း အသိုင်းအဝိုင်းကြားတွင် ဝေဖန်မှုများ ရှိသည်။
၂၀၁၈ ခုနှစ်အတွက် ငါးမဖမ်းရ ကာလအဖြစ် မေလ ၁၆ ရက်မှစကာ ဩဂုတ်လ ၁၅ ရက်အထိ သုံးလတာ သတ်မှတ်လိုက်ပြီး ယင်းရာသီတွင် ကမ်းဝေးငါးဖမ်းလှေ ၂၀ရာခိုင်နူန်းကို ငါးဖမ်းခွင့်ပြုထားကြောင်း ကော့သောင်း ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရ သည်။

ကော့သောင်းခရိုင်အတွင်း ကမ်း ဝေးငါးဖမ်းလှေ ၂၀၀ ဝန်းကျင်ခန့်ရှိ ကြောင်း သိရသည်။