ကွမ်းသီးဈေး ဆက်တိုက်ကျဆင်း

0
661

ထားဝယ်မြို့၊ ကွမ်းသီးဈေးကွက် တွင် ကွမ်းသီးခြောက်ဈေး ဆက်တိုက် ကျဆင်းလာကြောင်း ကွမ်းသီးအရောင်း၊ အဝယ်ပြုလုပ်နေသူများထံမှ သိရသည်။
ကွမ်းသီးရာသီအစ ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလက ကွမ်းသီးအခြောက် အသစ် တစ်ပိဿာကျပ် ၅၀၀၀ဖြင့် ဈေးစဖွင့်ခဲ့ ပြီးနောက် တဖြည်းဖြည်း ဈေးကျလာပြီး မတ်လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃၂၀၀အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

” ရန်ကုန် ဈေးကွက်ထဲကို ယိုးဒ ယားက ကွမ်းသီးတွေ ဝင်နေတဲ့အချိန်ဆို ဈေးကျလေ့ရှိတယ်” ဟု ထားဝယ်မြို့ ဇရစ်ရပ်ကွက် မင်္ဂလာလမ်းရှိ ကွမ်းသီး ခြောက်ပွဲရုံပိုင်ရှင် အသက် ၅၀ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ရာသီသိမ်းလုနီးတွင် ဒေသထွက် ကွမ်းသီးများ အရည်အသွေး ကျဆင်း လာခြင်း၊ အိန္ဒိယနယ်စပ်မှ အဝယ် မလိုက်တော့ခြင်းတို့ကြောင့် ဈေးနူန်း ပိုမို ကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက် ညောင်ပင် ကြီးလမ်းရှိ ကွမ်းသီးပွဲရုံပိုင်ရှင် ဦးလှရီ က ဆိုသည်။

ယခု လက်ရှိပေါက်ဈေးသည် ကွမ်းသီး တော ပိုင်ရှင်များအတွက် အခက်အခဲမရှိ နိုင်သော်လည်း နှစ်အလိုက် ခြံငှားရမ်း လုပ်ကိုင်သည့် တောင်သူများအတွက်မှု အရှုံးပေါ်နိုင်ကြောင်း သရက်ချောင်း မြို့နယ် သဲချောင်းကြီးကျေးရွာရှိ ကွမ်းသီး တော ဧက ၂၀ ပိုင်ရှင် ဦးချစ်ညိုက ပြောသည်။
ယမန်နှစ်ကမူ ရာသီသိမ်းလုနီး မတ်လအထိ ကွမ်းသီးအခြောက် တစ် ပိဿာ ကျပ်ငါးထောင်ဝန်းကျင် ပေါက် ဈေးရှိခဲ့သည်။

ကော့သောင်းတွင်လည်း ကွမ်းသီး ခြောက်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ဘန်းကချွန်ကျေးရွာမှ ကွမ်းသီးအဝယ် ဒိုင်အချို့ထံမှ သိရသည်။
ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်း ယမန်နှစ်ထက် သုံးဆခန့် အထွက်များခဲ့ ကြောင်း ကွမ်းစိုက်တောင်သူများနှင့် ပွဲရုံပိုင်ရှင်များထံမှ သိရသည်။