ဦးပိုင်က တင်ဒါအောင်ထားသည့် ငှက်သိုက်ကျွန်း ခရီးသည်ပို့က ခွင့်ပြုချက်ယူရမည်ဟုဆို

0
547

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် က တင်ဒါအောင်ထားသည့် ကော့သောင်း ခရိုင်အတွင်းရှိ ငှက်သိုက်ကျွန်းများသို့ ခရီးသွားကုမ္ပဏီများ သွားရောက်မည် ဆိုပါက ပတ္တမြားရောင်ခြည် ကုမ္ပဏီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ဒါရိုက်တာဦးစန်းအောင်က ပြောသည်။

ကော့သောင်းခရိုင်အတွင်းရှိ အသည်း ပုံကျွန်း(ကြက်မောက်ကျွန်း)၊ မြင်းခွာ ကျွန်းစသည့် ကျွန်းများကို ကုမ္ပဏီ ဒါရိုက်တာ ဦးစန်းအောင်နှင့် ဦးစန်းယု တို့၏ ခွင့်ပြုချက်များပါရှိမှသာ ကျွန်းသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ပတ္တမြား ရောင်ခြည်ကုမ္ပဏီ၏ Fခေနဘသသု စာမျက်နှာတွင် မတ်လ ၂၂ ရက်က ကြေညာထားသည်။

ယခုနှစ်တွင် ကော့သောင်းခရိုင်ရှိ အသည်းပုံကျွန်း၊ မြင်းခွာကျွန်းများပါဝင် သည့် ကဆိုင်လှနှင့် ကော့ငါးကျွန်းအုပ်စု အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက်ကျွန်းများတွင် ငှက်သိုက် စုသိမ်းခွင့်ကို မြန်မာ့စီးပွားရေးဦးပိုင်လီ မိတက်က ရရှိထားသည်။မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ပတ္တမြားရောင်ခြည်ကုမ္ပဏီတို့ မည်သို့ ပတ်သက်သည် ဆိုသည်ကိုမူ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ဦးစန်းအောင်က ဆိုသည်။
” ကျွန်တော်တို့ဝက်ဆိုဒ်မှာတော့ ကြေညာထားတယ်၊ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကိုကျတော့ နောက်လထဲမှာ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးမှ ဖြေကြားပေးနိုင်မယ်” ဟု ၎င်း က ဆိုသည်။

အသည်းပုံကျွန်းနှင့် မြင်းခွာကျွန်း အပါအဝင် ငှက်သိုက်ထွက်သည့် ကျွန်း များကို ယခင်က Grand Andaman Island ကုမ္ပဏီက တင်ဒါအောင်မြင်ကာ လုပ်ကိုင်ခဲ့သည်။ယခုနှစ်တွင်မူ မြန်မာ့စီးပွားရေးဦး ပိုင်ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည့် မတ်လ ၈ ရက်မှ စတင်လုပ်ကိုင်ခွင့်ရ ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

” လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီကို ကျွန်းပေါ်တက်ခ local တစ်ဦးကို ဘတ် တစ်ရာ အရင်ကလည်း ပေးရတယ် အခု လည်း ပေးရတာပဲ၊ ဒီထက်ပိုပြီး ဈေးနူန်း အပြောင်းအလဲ မဖြစ်စေချင်ဘူး” ဟု ခရီးသွားအေဂျင်စီလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
ယခင်က ငှက်သိုက်ထုတ်ခွင့် ရခဲ့ သည့် Grand Andaman Island ကုမ္ပဏီ လက်ထက်က ကော့သောင်း ခရီးသွားလုပ်ငန်းများသည် ယင်းကုမ္ပဏီ နှင့် ချိတ်ဆက်ကာ သွားလာခဲ့ကြကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။