ဒေသလိုင်စင် စီမံချက်မှ ဒဏ်ကြေးငွေ သိန်းပေါင်းနှစ်သောင်းနီးပါးရ

0
412

တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် များကို ဒေသလိုင်စင်(TNI) လုပ်သည့် ခြောက်လတာကာလအတွင်း ဒဏ်ကြေး ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ် သောင်းနီးပါး ကောက်ခံရရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင် ဘာလမှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ဒဏ်ကြေးငွေ ကျပ်သိန်း ၁၉၀၀၀ ကျော် (၁၉၇၆၂၃၂၃၀၀) ကျော်ရရှိခဲ့ပြီး ဆိုင် ကယ်အစီးရေ တစ်သောင်းကျော် ဒေသ လိုင်စင်လုပ်ခဲ့ကြောင်း က.ည.န တိုင်းဒေ သကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။
ဒေသလိုင်စင်လုပ်ရာမှ ရရှိသည့် ဒဏ်ကြေးငွေ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရက ရရှိမည်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ရရှိမည်ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရက ရရှိမည့် ဘဏ္ဍာငွေများကို အမှန်တကယ် အသုံး ပြုရန် လိုအပ်သည့်နေရာများတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေ သကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောဆိုခဲ့ဖူးသည်။
ယခင်က ၂၀၁၇ ခုနှစ် စက်တင်ဘာ လမှ ဒီဇင်ဘာလအထိသာ လုပ်ရန် ရည် မှန်းထားသော်လည်း လိုင်စင်လုပ်မည့် ဆိုင်ကယ်များ ကျန်နေသည့်အတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်သည်အထိ လုပ်ခွင့်ပေးခဲ့သည်။

ခရိုင်အလိုက် ဒေသလိုင်စင်လုပ်ခဲ့သည့် ဆိုင်ကယ်အစီးရေနှင့်
ကောက်ခံရရှိသည့် ငွေကြေး
ခရိုင် စီးရေ ဒဏ်ကြေးရငွေ
ထားဝယ်(တိုင်းရုံး) ၇၁၃၅ ၁၂၇၉၀၃၀၅၀၀
မြိတ် ၂၉၃၁ ၄၇၉၈၇၆၆၀၀
ကော့သောင်း ၁၂၅၂ ၂၁၇၃၂၅၂၀၀