နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနား တနင်္သာရီမြစ်တွင် ကျင်းပ

0
386

တနင်္သာရီတိုင်းအတွင်း တိုင်း အတွင်း လေးကြိမ်မြောက် ကျင်းပခဲ့ သည့် နိုင်ငံတကာမြစ်ချောင်းများနေ့ (International Day of Action for Rivers ) အခမ်းအနားကို မတ်လ ၁၄ ရက် မနက်ပိုင်းက မေတ္တာမြို့အနီး၊ ထားဝယ်-ထီးခီးလမ်းပိုင်းနဘေးရှိ တနင်္သာရီမြစ်အတွင်း ကျင်းပခဲ့သည်။

ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် မြစ် ချောင်းများနှင့် ဂေဟစနစ်များ ပျက်စီး စေခဲ့သည့်အတွက် ပြန်လည်သုံးသပ်နိုင် ရန် အဆိုပါအခမ်းအနားကို ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကမကထပြု စီစဉ်ခဲ့သည့် တနင်္သာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသား များ ကွန်ရက်(TRIP-NET) ၏ ဒါရိုက်တာ စောဖရန်ကီက ဆိုသည်။
“သဘာဝပတ်ဝန်းကျင် ဂေဟစနစ် က လူသားအတွက် ဘယ်လိုအကျိုးပြု သလဲ၊ ရေရှည်မှာ ဘယ်လိုတည်တံ့မှု ဖြစ်စေသလဲ ဆိုတာကို သိစေချင်တဲ့ဆန္ဒ၊ အင်မတန်စီးဆင်းနေတဲ့ ချောင်းကိုလည်း မပျက်စီးစေချင်တဲ့ဆန္ဒနဲ့ လုပ်ရခြင်း ဖြစ်ပါတယ်”ဟု စောဖရန်ကီက ပြော သည်။

အဆိုပါ အခမ်းအနားတွင် အဖွဲ့ အစည်းများ၊ ဒေသခံများက မြစ်ချောင်း များဖွံ့ဖြိုးရေးအတွက် အသီးသီးဆွေး နွေးခဲ့ကြပြီး”လွတ်လပ်စွာစီးဆင်းခွင့် ပေးပါ”၊ “တို့ရဲ့မြစ်ချောင်းကို ထိန်းသိမ်း ပါ” အစရှိသည့် ဗီနိုင်းများပါသည့် ဖောင်ငယ်များနှင့် အလံတိုင်ငယ်များကို တနင်္သာရီမြစ်အတွင်းသို့ မျှောခဲ့ကြ သည်။

ဒေသခံများ၊ အဖွဲ့အစည်းအသီးသီး က မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး၊ ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝရေမြေ တောတောင် များထိန်းသိမ်းရေး ပြောဆို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အမြင်ရှိကြသည့် အပေါ် အားတက်ကျေနပ်မိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေ ယျက ဆိုသည်။

“ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူး တွဲဆောင်ရွက်သွားဖို့အတွက် လမ်းစ တစ်ခုပွင့်လာတယ်၊ စတင်ပြီးတော့ ပူး ပေါင်းဆောင်ရွက်ဖို့အတွက် ထိန်းသိမ်း ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အမြင်တူတာချင်းကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြတယ်” ဟု ဦးကျော် ဇေယျက ပြောသည်။

အဆိုပါအခမ်းအနားသို့ တိုင်းသစ် တော ဦးစီးဌာန၊ KNU တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင်နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဒေသခံများ စုစုပေါင်း နှစ်ရာဝန်းကျင် တက်ရောက်ခဲ့ကြသည်။