မောလဲဘုရားဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်ခုနစ်ဆူ ပျောက်ဆုံး

0
444

ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ အနောက်ရွှေဘုံသာဘုရား(မောလဲ) ဝင်း အတွင်း ဗောဓိညောင်ပင်တွင် အပူဇော်ခံ ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော် ၇ ဆူနှင့် မီးစင်္ကြာများ မတ်လ ၁၅ ရက်ညက ပျောက်ဆုံးခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

စကျင်ကျောက်ဖြင့် ထုလုပ်ထား သည့် ဥာဏ်တော် ၁၈ လက်မခန့်ရှိ ဗုဒ္ဓ ရုပ်ပွားတော်များ(ပလ္လင်အပါအဝင်) ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် ဘုရားအလှူရှင်က ဘုရားပန်း၊ ရေ ကပ်သည့်အချိန်တွင်မှသာ ရုပ်ပွား တော်များ ပျောက်ဆုံးနေသည်ကို သိရ ကြောင်း မောလဲဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက ပြောသည်။
“အလှူရှင်က အကြောင်းကြားမှ သိရတာ”ဟု ဦးအောင်စိုးက ပြောသည်။

မတ်လ ၁၅ ရက်ည ၉ နာရီခွဲခန့်က ဘုရားဝင်းအတွင်း ထွန်းထားသည့် မီးများပိတ်ပြီး ညအိပ်စောင့်ကာ နံနက် ပိုင်းတွင်လည်း သတိမထားမိဘဲ ဂေါပ ကအဖွဲ့က ပြောပြမှသာ ပျောက်ဆုံးနေ သည်ကို သိရကြောင်း ဘုရားညစောင့်ဖြစ် သူ ဦးမျိုးသန့်က ဆိုသည်။

“ကျွန်တော်လည်း သတိမထားမိ ဘူး၊ ဖြစ်လေ့ဖြစ်ထရှိတာ မဟုတ်ဘူးဆို တော့”ဟု ဦးမျိုးသန့်က ပြောသည်။
မောလဲဘုရား အနောက်ဘက်တွင် ခြံခတ်ထားခြင်းမရှိဘဲ ပြီးခဲ့သည့် ၁ နှစ် ခန့်ကလည်း အလှူခံပုံး နှစ်ကြိမ် ပျောက်ဆုံးခဲ့ဖူးကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။