တိုင်းဒေသကြီးရငွေသုံးငွေ အခြေအနေပြ စာစောင်ကို နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ထုတ်ဝေ

0
367

တိုင်းဒေသကြီး၏ ရငွေ၊ သုံးငွေ အခြေအနေများကို ဖော်ပြသည့် ရသုံး ခန့်မှန်းခြေငွေစာရင်း (Citizen’s Budget) စာစောင်ကို နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ လ ၂၂ ရက်က ထုတ်ဝေခဲ့သည်။
တိုင်းအစိုးရကဘဏ္ဍာငွေများကို ကဏ္ဍအသီးသီးတွင် မည့်ကဲ့သို့ သုံးစွဲနေ သည်ကို ပွင့်လင်းမြင်သာစွာ ချပြခြင်း ဖြစ်ပြီး အဆိုပါ စာစောင်တွင် တိုင်းဒေသ ကြီးနှင့် ဌာနများ၏ ရငွေသုံးငွေများကို ဖော်ပြထားကြောင်း ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးက ဆိုသည်။

“ဘယ်ကဏ္ဍတွေမှာ မည်သို့မည်ပုံ သုံးစွဲနေသည်ကို ပွင့်ပွင့်လင်းလင်းတိုင်း ဒေသကြီးအစိုးရရဲ့ တာဝန်ခံမှု တာဝန်ရှိ မှုနဲ့ ပွင့်လင်းမြင်သာစွာ ချပြခြင်းဖြစ်ပါ တယ်”ဟု ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်း ထက်က ပြောသည်။
လက်ရှိထုတ်ပြန်သည့် စာစောင် မှာ ပထမဆုံးအကြိမ် ထုတ်ဝေခြင်းဖြစ် သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးမှ ထုတ်ပြန်ဖြစ်ခဲ့သော် လည်း လာမည့်နှစ်များတွင် ဘတ်ဂျက် အတည်ပြုပြီးနောက် အချိန် ၃ လအ တွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ စာစောင်တွင် တိုင်းဒေသ ကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင် သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအခြေအနေများကို ထည့် သွင်းဖော်ပြထားသည်။
ပြည်ထောင်စုအဆင့် (Citizen’s Budget) စာစောင်ကို ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင် ထုတ်ဝေခဲ့ပြီး တိုင်းဒေသကြီး စာစောင်ကိုမူ ယခုနှစ်မှ ထုတ်ဝေ နိုင်ခဲ့ခြင်း ဖြစ်သည်။