ပရမ်းပတာဓာတ်တိုင်များကိစ္စ တိုင်းလွှတ်တော်တွင် ဆွေးနွေးသော်လည်း အဖြေမထွက်

0
391

လျှပ်စစ်ဓာတ်တိုင်များ၊ ဆက်သွယ် ရေးတိုင်များကို မြို့ လူသွားလမ်းများ၏ အလယ်တည့်တည့်တွင် စိုက်ထူထား ခြင်း၊ မလိုအပ်ဘဲ လျှပ်စစ် ဓာတ်တိုင် ၂ လိုင်းထပ် သွယ်တန်းထားခြင်းများ အား မည်သို့ဖြေရှင်းမည်ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် ဆွေးနွေးမေးမြန်းခဲ့ကြ သည်။
ဇန်နဝါရီလ ၂၂ ရက်တွင် ကျင်း ပသော တိုင်းလွှတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မြို့လူသွားလမ်းများ၏ အလယ် တွင် ဓာတ်တိုင်များ စိုက်ထူထားခြင်း၊ လူသွားလမ်းများမှာလည်း စံချိန်မမီခြင်း၊ မျက်နှာပြင်မညီခြင်းတို့ကြောင့် မြို့များ ကို အလှပျက်စေသည့်အပြင် ခရီးသွား များ ယာဉ်အန္တရာယ်၊ လျှပ်စစ်အန္တရာယ် များကို ကြောက်ရွံ့နေရကြောင်း တိုင်း လွှတ်တော် ရေဖြူမဲဆန္ဒနယ် အမှတ်(၂)မှ ဦးကြည်စိုး(လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ)က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
“ကွန်ကရစ်တိုင်မျိုးစုံ အထိန်း အကွပ်မရှိ စိုက်ထူခွင့်ပြုထားတာဟာ ပြည်သူကို အမှန်တစ်ကယ်ပဲ ဗဟိုပြုဆောင် ရွက်နေတာ ဟုတ်ရဲ့လားလို့ သက်ဆိုင် ရာဝန်ကြီးဌာနကို ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းချင်ပါတယ်”ဟု ဦးကြည်စိုးက လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

လောင်းလုံးမြို့နယ်မဲဆန္ဒနယ် မှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဗိုလ်ထွေးကလည်း ထားဝယ် ခရိုင်အတွင်းတွင် မလိုအပ်ဘဲ အရွယ်မတူ ဓာတ်တိုင်များ ၂ လိုင်းထပ် သွယ်တန်း ထားသည်များကို တွေ့ရပြီး ပြန်လည် စိစစ်ရန် အစီအစဉ်ရှိမရှိမေး မြန်းခဲ့သည်။
ယင်းမေးခွန်းများအတွက် သက် ဆိုင်ရာဝန်ကြီးတို့မှ ပြန်လည်ဖြေဆိုရာ တွင် တိကျရှင်းလင်းမှုမရှိသဖြင့် ကိုယ် စားလှယ် ၂ ဦးစလုံးက ထပ်ဆင့်မေးခွန်း များ အသီးသီးမေးမြန်းခဲ့ရာ ဝန်ကြီး များက စာဖြင့် အကြောင်းပြန်ဖြေဆိုပါ မည်ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။
“ဝန်ကြီးဖြေတဲ့ ဖြေသွားတဲ့ ဖြေဆို ချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိဖြစ် ပေါ်နေတဲ့အပိုင်းကို ဘယ်လိုရှင်းလင်းပြီး တော့ ဘယ်လိုသွားမယ်ဆိုတာ မပါဘူး။ ငါးပွက်ရာငါးစာချပုံစံမျိုးနဲ့ သူလုပ်ချင် ရာသူလုပ်၊ ငါလုပ်ချင်ရာ ငါလုပ်သွားဖို့ မသင့်ဘူး။ ဘယ်လိုရလဒ် ထွက်လာမလဲ ဆိုတာကတော့ စာနဲ့ ပြန်ဖြေပေးမယ့် အပိုင်းကို ကျွန်တော်တို့ စောင့်ကြည့်ရ မယ်”ဟု ဦးကြည်စိုးက ပြောသည်။
လျှပ်စစ်ဓါတ်တိုင်များ၊ ဆက်သွယ် ရေးလိုင်းတိုင်များ လူသွားပလက်ဖောင်း လမ်းများအလယ် ကျရောက်နေခြင်းမှာ ဌာနအချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှု အားနည်းခြင်း၊ ကြိုတင်ချမှတ်ထား သည့် စီမံချက် အခိုင်အမာမရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဒေသခံများက ဝေ ဖန်ကြသည်။

ထားဝယ်မြို့ရှိ ပလက်ဖောင်း များမှာလည်း ဓာတ်တိုင်များ ပလက် ဖောင်းအလယ်တွင် စိုက်ထူထားသည့် အပြင် လမ်းနံဘေးနေအိမ်များ၊ ဆိုင် များသို့ ကား၊ဆိုင်ကယ်များဝင်ရန် အပေါက်ဖောက်ထားခြင်း၊ နှိမ့်ချထား ခြင်းတို့ ပြုလုပ်ထားသဖြင့် ပုံပျက်ပန်း ပျက်ဖြစ်နေသည့်အပြင် အရည်အသွေး မမီသဖြင့် အချို့နေရာများတွင် ပေါက်ပြဲ ပြိုကျမှုတို့ ရှိနေသည်။