မွန်အမျိုးသား ကိုယ်စားပြုပါတီသစ် ၆ လအတွင်း ဖွဲ့စည်းသွားမည်

0
437

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံ ရေးပါတီတစ်ခုကို ၆လအတွင်း ဖွဲ့စည်း ဖော်ဆောင်သွားမည်ဟု မွန်နိုင်ငံရေးညီ လာခံက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၃နှင့် ၁၄ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည် မွန်နိုင်ငံရေး ညီလာခံမှ မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုကို ၆ လအတွင်း ဖွဲ့စည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားချက်ကို ဇန်နဝါရီလ ၁၅ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“၆ လအတွင်းမှာ မွန်အမျိုးသား ကိုယ်စားပြု ပါတီတစ်ရပ် ပေါ်ထွက် လာဖို့ကို၂၁ ဦးပါတဲ့ အဖွဲ့ကို တာဝန် ပေးထားတယ်။ အဲအဖွဲ့က အကောင် အထည်ဖော်သွားမယ်၊ ဖွဲ့စည်းပုံ စည်း မျဉ်းစည်းကမ်းတွေရော အပြီး ရေးဆွဲ သွားမယ်”ဟု မွန်နိုင်ငံရေးညီလာခံ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးအောင်က ပြောသည်။
မွန်အမျိုးသား ကိုယ်စားပြုနိုင်ငံ ရေးပါတီ ပေါ်ပေါက်ရေးအတွက် နိုင်ငံ ရေးသမားများ၊ ပညာရှင်များစသည့် ကော်မတီဝင် ၂၁ ဦးပါ အဖွဲ့အစည်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဟု မွန်နိုင်ငံရေးညီလာခံက ထုတ်ပြန်ထား သည်။

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံ ရေးပါတီ ပေါ်ပေါက်ရေးအတွက် ၆ လအတွင်း အကောင်အထည် ဖော်သွား မည့် ဖြစ်စဉ်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ပါဝင်လာကြရန် လည်း ညီလာခံက တိုက်တွန်းထားသည်။
၎င်းအပြင် ၆ လပြည့်ပါက ညီလာခံ တစ်ရပ် ထပ်မံကျင်းပမည်ဖြစ်ပြီး မွန် အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ကို အတည်ပြုသွား မည်ဖြစ်ပြီး မွန် အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ပေါ်ထွက်လာပါက အမျိုးသားရေးကဏ္ဍအားလုံးတွင် ပါဝင်ဆောင်ရွက်သွားရန် နှင့်အ မျိုးသားညီညွတ်ရေးကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မွန်တစ်မျိုးသားလုံး ရင်ဆိုင်ကြုံ တွေ့နေရသည့် မွန်အမျိုးသားနိုင်ငံရေး အကြပ်အတည်း ကိစ္စများနှင့် မွန် တစ်မျိုးသားလုံးညီညွတ်ရေးနှင့် မွန် ပြည်သူတို့ အားကိုးအားထားပြု နိုင်သည့် အင်အားကောင်းပြီး ကိုယ်စားပြုမှုရှိ သည့် မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက် လာနိုင်ရေး ဆွေးနွေး အဖြေရှာသည့် မွန်နိုင်ငံရေးညီလာခံသို့ မွန်သံဃာများ အပါအဝင် မွန်လူထုအလွှာ အသီးသီးမှ အင်အား ၈၀၀ ခန့် တက်ရောက်ခဲ့သည်။
သို့သော်လည်း မွန်နိုင်ငံရေးပါတီ ၂ ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ညီလာခံသို့ တက်ရောက်ခြင်း မရှိသ လို မွန်ပြည်သစ်ပါတီကလည်း လေ့ လာသူအဖြစ်သာ တက်ရောက်ခဲ့သည်။