သုံးဘီးယာဉ်မောင်းများ လိုက်နာရန် ထုတ်ပြန်ချက် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုမရှိဟုဆို

0
485

ထားဝယ်မြို့နယ်အတွင်း ပြေးဆွဲ နေသည့် သုံးဘီးယာဉ်မောင်းများ လိုက် နာရန် ထုတ်ပြန်လိုက်သည့် စည်းကမ်း ချက်အချို့မှာ မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း သုံးဘီးယာဉ် မောင်း အများစုက ဝေဖန်လျက်ရှိသည်။
ထားဝယ်မြို့နယ် သုံးဘီးဆိုင်ကယ် လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော် မတီက ယခုလဆန်းပိုင်းတွင် ထုတ်ပြန် လိုက်သည့် စည်းကမ်းချက်များအနက် သုံးဘီးယာဉ်မောင်းများ ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး မောင်းနှင်ရမည့် အချက်နှင့် ယာဉ်လိုင်းနံပါတ် တပ်ဆင် ထားရမည့် အချက်များက မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း ပြောဆိုကြသည်။

သုံးဘီး မတော်တဆမှု တစ်ခုခု ဖြစ်ပါက မောင်းနှင်သူကို ထူးထူးခြား ခြား ကာကွယ်နိုင်မည် မဟုတ်သည့် အတွက် ဦးထုပ်ဆောင်းရမည်ဆိုသည့် အချက်မှာ သဘာဝမကျကြောင်း သုံးဘီး ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးသန့်ဇင်က ဆိုသည်။
ယင်းအပြင် ယာဉ်လိုင်းများမှာ ကြီးကြပ်မှုမရှိဘဲ ပျောက်ကွယ်နေသည် မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် အ လုပ်ဖြစ်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
“ကျန်တဲ့အချက်တွေတော့ ကြီး ကြပ်သင့်တယ်၊ ဦးထုပ်ကတော့ ဆောင်း ဖြစ်မှာ မဟုတ်ဘူး”ဟု ဦးသန့်ဇင်က ဆိုသည်။
သုံးဘီးယာဉ်မောင်းများ လိုက်နာ ရန် စည်းကမ်းချက်များအနက် မောင်း နှင်သူ ဦးထုပ်ဆောင်းရန်၊ သုံးဘီးယာဉ် လိုင်စင်၊ သုံးဘီးယာဉ်မောင်းလိုင်စင်၊ ပို့^ဆက် (ဂ) လိုင်စင်၊ အချက်ပြမီး၊ ဘောင်မီး၊ ယာဉ်နံပါတ် ၄ ဖက်တွင် တပ်ဆင်ရန်၊ နောက်ကြည့်မှန်နှင့် ယာဉ် လိုင်းနံပါတ်တပ်ဆင်ရန် အစရှိသည့် အချက်များ ပါဝင်သည်။

“အခုလုပ်တဲ့ပုံစံက အပြသဘော လုပ်သလို ဖြစ်နေတယ်၊ ဦးထုပ်ဆောင်း ရအောင်က သုံးဘီးနဲ့ ဆိုင်ကယ်က သဘောသဘာဝချင်း မတူဘူး”ဟု ထား ဝယ်စည်ပင်ဈေးနှင့် သရက်ချောင်း မြို့နယ်သို့ ပြေးဆွဲနေသည့် သုံးဘီး ယာဉ်မောင်းဖြစ်သူ ဦးမျိုးမင်းဦးက ပြော သည်။
ထားဝယ်မြို့နယ် သုံးဘီးဆိုင်ကယ် လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဇော်ကမူ အဆိုပါ စည်းကမ်း ချက်များမှာ ယခင် ကတည်းက သတ်မှတ် ထားခြင်းဖြစ်ပြီး မတော်တဆမှု ဖြစ်လာ ပါက ထိခိုက် ဒဏ်ရာရရှိမှု နည်းစေရန် ဦးထုပ် ဆောင်းခိုင်းခြင်းဖြစ်ကြောင်း ဆို သည်။
ထားဝယ်မြို့နယ်အတွင်း သုံးဘီး ယာဉ်လိုင်း ၁၂ လိုင်းရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး ကြီးကြပ်မှု အား နည်းလာခဲ့ကြောင်း ဦးမင်းဇော်က ဆို သည်။
အဆိုပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ဇန်နဝါရီလ ၉ ရက်က သုံးဘီးယာဉ်မောင်းများကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ပြီး အခြား မြို့နယ်များမှ လာရောက်သည့် သုံးဘီးများလည်း အကျုံးဝင်ကြောင်း သိရသည်။

သရက်ချောင်း-ထားဝယ် လမ်းမ ပေါ်တွင် သုံးဘီးဆိုင်ကယ်နှင့် မှန်လုံ ကား တိုက်မိမှုဖြစ်စဉ်အပြီးတွင် သုံးဘီး ယာဉ်မောင်းများ အန္တရာယ်ကင်းစေရန် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင် ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန တိုင်းဒေသ ကြီး ဦးစီးမှူး ဦးတင်စိုးက ဆိုသည်။
ယာဉ်လိုင်း နံပါတ်ကိုမူ ချက်ချင်း လုပ်ဆောင်မည်မဟုတ်ဘဲ သုံးဘီးယာဉ် အသင်းကို အများဆန္ဒအတိုင်း ညီညွတ် အောင် လုပ်ပြီးမှသာ စီမံလုပ်ဆောင်မည် ဖြစ်ကြောင်း ဦးတင်စိုးက ပြောသည်။

“သိအောင် အသိပေးတဲ့ အဆင့်ပဲ ရှိပါတယ်၊ ယာဉ်စည်းကမ်း ဟောပြောပွဲ တွေလုပ်ပြီးမှ အဆင့်လိုက် လုပ်သွား မှာပါ”ဟု ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းများအရ ထားဝယ်မြို့နယ်တွင် သုံးဘီး ၇၄၂ စီး၊ ရေဖြူမြို့နယ်တွင် ၆၅ စီး၊ လောင်းလုံး မြို့နယ်တွင် ၂၁၉ စီးနှင့် သရက်ချောင်းမြို့နယ်တွင် ၁၁၁ စီး လုပ် ငန်းလိုင်စင်ပြုလုပ် ထားကြောင်း လုပ်ငန်း လိုင်စင်နှင့် တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန စာရင်းအရ သိရသည်။