လောင်းလုံးတွင် သံသယရှိ ရေသန့်သုံးမျိုး စစ်ဆေး

0
362

လောင်းလုံးမြို့ဈေးကွက်တွင် ရောင်းချနေသည့် ရေသန့် သုံးမျိုးကို သန့်ရှင်းမှု ရှိမရှိ စစ်ဆေးနိုင်ရန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ထံ တင်ပြထားကြောင်း သိရသည်။
မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ကော်မတီက ဇန်နဝါရီ ၁၂ ရက်တွင် ကွင်းဆင်း စစ်ဆေးခဲ့ရာGRAND AQUA AUNG PHYO PAING၊ ပွင့်သစ် စသည့် ရေသန့် သုံးမျိုးတွင် အမှုန်အမွှားများ ပါဝင်နေခြင်း ကြောင့် စစ်ဆေးရန် တင်ပြထားခြင်းဖြစ် ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။

“ရေနမူနာကိုတော့ ကိုယ်စားလှယ်တို့၊ စက်ရုံမှာ သွားယူရင် စပယ်ရှယ် အထူး ထုတ်ထားတာတို့ ဖြစ်မှာစိုးလို့ အဲလို မဖြစ်အောင် ဈေးကွက်ထဲမှာ ဖြန့်ဖြူးပြီး တာယူတာ”ဟု ဦးအောင်ကျော်စိုးက ဆိုသည်။

နယ်ကိုယ်စားလှယ်တွင် ရေနမှု နာယူ စစ်ဆေးခြင်းထက် သက်ဆိုင်ရာ စက်ရုံတွင် ရေနမှုနာယူ စစ်ဆေးမှ အဖြေ အမှန်ကို သိနိုင်မည်ဖြစ်ပြီး ၎င်းတို့စက်ရုံ သည် ခွင့်ပြုချက်လိုင်စင်ဖြင့် ထုတ်လုပ် လျက်ရှိကြောင်း စစ်ဆေးခံရသည့် ပွင့်သစ် ရေသန့် စက်ရုံပိုင်ရှင် ဦးကျော်ဝင်းက ပြောသည်။
“နယ်ကိုယ်စားလှယ်က ဒီကဗူးတွေနဲ့ ဟိုရေနဲ့ ဒီရေ ရောပြီး ပို့လို့ ရတယ်လေ။ အခုက ကိုယ်စားလှယ်ဆီက ရေကိုယူပြီး စစ်ဆေးလိုက်တာကတော့ အဆင် မပြေဘူး”ဟု ဦးကျော်ဝင်းက ဆိုသည်။

စစ်ဆေးချက် အဖြေထွက်လာပါက တိုင်းအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ကော်မတီ၏ ညွှန်ကြားချက် အတိုင်း အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကော်မတီထံမှ သိရသည်။