တနင်္သာရီတိုင်းမှ သံဃာခုနစ်ပါး သာသနာတော် ဘွဲ့တံဆိပ်ရ

0
634

ပြည်ထောင်စုအစိုးရက သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက် ကပ်လှူဒါန်းရာ တနင်္သာရီတိုင်းအတွင်း ရှိ သံဃာတော် ခုနစ်ပါး ဆက်ကပ် ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် သံဃာတော်များ စာရင်းကို ပြည်ထောင်စုအစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ထုတ် ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံ ဆိပ်တော်ကို ထားဝယ်မြို့ ဃောသိတာ ရာမပါဠိတက္ကသိုလ် ကျောင်းတိုက် (တိုက်သစ်)က စာချဆရာတော်တစ်ပါး နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်က စာချဆရာတော်တစ်ပါး ဆက်ကပ်ခံရ ကြောင်း တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူးရုံးထံမှ သိရသည်။
ယင်းဘွဲ့တော်များမှာ ပရိယတ္တိ ဆိုင်ရာ ဘွဲ့တော်များ ဖြစ်သည်။

မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်ကို သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျောင်းတိုက်နှင့် မြိတ်မြို့ရှိ အင်္ဂမော်ကျောင်းတို့မှ ကျောင်းထိုင် ဆရာတော်နှစ်ပါး အသီးသီး ဆက်ကပ် ခံရသည်။
သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ကို ဂျလန်းကျွန်းဆရာတော်၊ ပု လောမြို့ နတ်အိမ်ထောင်ရွာရှိ ထေရဝါဒ သာသနာပြုကျောင်းဆရာတော်နှင့် ထားဝယ်မြို့ရှိ မြို့မယဉ်ငေးဆရာတော် တို့က ဆက်ကပ်ခံရကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
အဆိုပါ ဘွဲ့တံဆိပ်တော်များမှာ သာသနာတော်ကို အားပေးထောက်ပံ့ သဖြင့် ချီးမြှင့်သော ဘွဲ့များ ဖြစ်သည်။