မွန်တွင် တရုတ်ကြက်သွန်နီ ရောင်းအားကောင်း

0
439

မွန်ပြည်နယ်တွင် တရုတ်က ဝင် လာသည့် ကြက်သွန်နီအား လူသုံးပိုများ လာပြီး ရောင်းအားကောင်းနေသည်ဟု မော်လမြိုင် ဈေးကြိုပွဲရုံတန်းရှိ ကြက် သွန်နီပွဲရုံ လုပ်ငန်းရှင်တို့က ပြောသည်။

လက်ရှိတွင် မော်လမြိုင်ပွဲရုံ၌ မြန် မာကြက်သွန်နီ တစ်ပိဿာကျပ် ၃၅၀၀ ပေါက်ဈေးရှိနေပြီး တရုတ်ကြက်သွန်နီ တစ်ပိဿာ ကျပ် ၉၅၀ ဝန်းကျင်ရှိနေ သည်။
“ဒီနှစ် ကြက်သွန် အထွက်နည်း တော့ ဈေးနှုန်းတက်တယ်၊ သုံးတဲ့သူတွေ က ဈေးသက်သာတဲ့ တရုတ်ကြက်သွန် တွေကို သုံးလာကြတယ်၊ မြန်မာကြက် သွန်က ဈေးကြီးတော့ တရုတ်ကြက်သွန် ကိုပဲ ဝယ်သုံးလာတယ်”ဟု မော်လမြိုင် ဈေးကြိုပွဲရုံတန်းရှိ ရွှေနဒီကြက်သွန်ပွဲရုံမှ ဒေါ်သင်ဇာအောင်က ပြောသည်။
ကြက်သွန်နီ အသစ်ထွက်ချိန်ဖြစ် သည့် ဒီဇင်ဘာလတွင် အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ကြက်သွန် နီစိုက်ခင်းများ ပျက်စီးကာ အထွက် နည်းသည့်အတွက် တစ်ပိဿာ ကျပ် ၃၅၀၀ ထိ တက်သွားသည်ဟု ကြက် သွန်နီ ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

ယခင်နှစ်များက ကြက်သွန်နီ အ သစ်ပေါ်ချိန်တွင် မြန်မာကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၀၀ အောက်သာ ရှိသည်ဟု ပွဲရုံလုပ်ငန်းရှင်များထံမှ သိရ သည်။
“မြန်မာကြက်သွန်နဲ့ တရုတ်ကြက် သွန်က ဈေးလည်းကွာတော့ တရုတ် ကြက်သွန်ပဲ အရောင်းသွက်လာတယ်။ လူတွေ အသုံးပြုမှု များလာတဲ့သဘောပါ”ဟု မော်လမြိုင်မှ ကြက်သွန်နီပွဲရုံလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

တရုတ်ကြက်သွန်နီသည် မြန်မာ ကြက်သွန်နီကဲ့သို့ ချက်ပြုတ်အသုံးပြု၍ မကောင်းသော်လည်း ဈေးကွာသည့် အတွက် ဝယ်ယူအသုံးပြုနေရသည် ဟု မော်လမြိုင်မြို့မှ ဒေါ်မေသန်းက ပြော သည်။
မော်လမြိုင် ဈေးကြိုပွဲရုံတန်းရှိ ကြက်သွန်ပွဲရုံတစ်ရုံလျှင် တစ်နေ့တရုတ် ကြက်သွန်နီ အချိန်တစ်သောင်းထိ အရောင်းအဝယ်ဖြစ်နေသည်ဟု ဒေါ်သင်ဇာအောင်က ပြောသည်။

မွန်ပြည်နယ် ကြက်သွန်ဈေးကွက် တွင် မြန်မာကြက်သွန်နီ၊ တရုတ်ကြက် သွန်နီနှင့် အိန္ဒိယမှ တင်သွင်းသည့် ကြက်သွန်နီများအပြင် ထိုင်းကြက်သွန်နီ များလည်း ရှိသည်။