MIC ခွင့်ပြုထားသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြန့်ကြာနေက တင်ပြနိုင်

0
350

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင် (MIC)က ခွင့်ပြုမိန့်(သို့) အတည်ပြု မိန့်ရယူထားပြီး လုပ်ငန်း အကောင်အထည်ဖော်ရန် ကြန့်ကြာ နေပါက လာရောက်တင်ပြနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန(DICA)ထံမှ သိရသည်။
MIC က ခွင့်ပြုထားပြီး သက် ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုမိန့်ရရှိရန် ကြန့်ကြာနေမှုများနှင့် ဒေသခံများကြောင့် လုပ်ငန်းအကောင် အထည်ဖော်ရန် ကြန့်ကြာနေပါက လာရောက်တင်ပြနိုင်ကြောင်း DICA တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

သက်ဆိုင်ရာအစိုးရဌာနများ၏ ခွင့်ပြုမိန့်ရရှိရန် ကြန့်ကြာနေခြင်း၊ ခွင့်ပြုမိန့်၊ လိုင်စင်နှင့် လုပ်ငန်းဆောင် ရွက်ခွင့်များ ရရှိပြီးသော်လည်း ရင်းနှီး မြှုပ်နှံသူမှ လုပ်ငန်းစတင်ဆောင်ရွက်မှု မရှိခြင်း၊ လုပ်ငန်းစတင်ဆောင်ရွက်ထား သော်လည်း အခြေအနေတစ်ရပ်ရပ် ကြောင့် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲကြုံတွေ့နေရခြင်းများကို ကြပ်မတ်ရန် စိစစ်ကြပ်မတ်ရေးအဖွဲ့ ၃ ဖွဲ့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တွင် MIC က ဖွဲ့စည်းခဲ့သည်။
ယင်းအပြင် MICထံမှ ခွင့်ပြုမိန့် (သို့) အတည်ပြုမိန့်ရရှိထားပြီး ရင်းနှီး မြှုပ်နှံသူက လုပ်ငန်းကို ဆက်လက် ဆောင်ရွက်မှု မရှိခြင်းများကို စိစစ်ကြပ် မတ်မည်ဖြစ်ပြီး အဆိုပါ စိစစ်ကြပ်မတ် ရေးအဖွဲ့တွင် DICA တိုင်းဒေသကြီး ဦးစီးမှူးက အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင် ရွက်ရမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ထုတ်ပြန်ထားသည်။

လုပ်ငန်းအကောင်အထည်ဖော်ရန် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေရကြောင်း တင်ပြလာပါက မှန်ကန်မှု ရှိ/မရှိ စိစစ်ပြီး MIC ထံ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း DICA တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။
“ဒီက တင်ပြလိုက်ရင် အဖွဲ့က မှန်/မမှန် ကွင်းဆင်းစိစစ်ပြီး ညှိနှိုင်း ပေးမှာပါ”ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်း ၃၈ ခုနှင့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်ရရှိထားသည့် လုပ်ငန်း ၄၂ ခု ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ သိရသည်။