မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ထားဝယ်၊ မြိတ်၊ ကော့သောင်းတွင် စဖွဲ့မည်

0
481

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို တိုင်းအတွင်း မြို့နယ်သုံးခုတွင် စတင် ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းအားက စားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။
ပထမ စီမံချက်အရ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် မြို့နယ် သုံးခုတွင် စတင်ဖွဲ့စည်း သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များကို နောက်မှတစ်ဆင့် ချင်း ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း အထက်ပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

အဖွဲ့ချုပ်တွင် လူပုဂ္ဂိုလ် ၁၅ ဦး ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ထွေ/အုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပညာရေးနှင့် အား/ကာ စသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ ၅ ခု ပါဝင် မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

၎င်း ၅ ခုအပြင် ဘောလုံး အား ကစားကို စိတ်ပါဝင်စားသည့် မြို့မိ၊ မြို့ဖ ၅ ဦး၊ နည်းပြ၊ ဒိုင်လူကြီး၊ အမျိုးသားကစားသမားနှင့် အမျိုးသမီး ကစားသမားများထဲမှ ကိုယ်စားလှယ် တစ်ဦးစီ၊ သဲသောင်ပြင်ဘောလုံးနှင့် ဖူဆယ်ဘောလုံးကစားသမားများမှ ကိုယ်စားလှယ် တစ်ဦး ပါဝင်ရမည် ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွင် ပါ ဝင်မည့် ပြင်ပ ပုဂ္ဂိုလ်များနေရာတွင် အမှန်တကယ် ဘောလုံးအားကစားကို တိုးတက် စေချင်သည့် သူများကိုသာ ထည့်သွင်း ဖွဲ့စည်းသင့်ကြောင်း တိုင်း ဘောလုံးလက်ရွေးစင်ဟောင်း တစ်ဦး ဖြစ်သူ ဦးဝင်းကျော်ဦး ကပြောသည်။
“ဒီဆယ်ဦး (ဌာနဆိုင်ရာ မဟုတ် သည့် ပြင်ပအဖွဲ့ဝင်) ထဲမှာတော့ အဓိက ကတော့ နေရာလိုလို့ ဝင်လုပ် တာမ ဟုတ်ဘဲနဲ့ တကယ့် ထဲထဲဝင်ဝင် လုပ်နိုင်တဲ့သူတွေ ပါဝင်သင့်တ”ဟု ၄င်းက ဆိုသည်။
ယင်းဘောလုံးအဖွဲ့ချုပ် သုံးခုကို မတ်လ ၃၁ ရက် နောက်ဆုံး ဖွဲ့စည်း ရမည်ဖြစ်ကြောင်း သိရသည်။