အဝေးပြေးကွင်း ဝင်ကြေး တစ်ကြိမ်ပေးပြီး တစ်နေ့လုံး ဝင်ခွင့်ရရန် ယာဉ်မောင်း အများစုလိုလား

0
452

ထားဝယ်အဝေးပြေးကွင်း ဝင်ကြေး ကို တစ်ကြိမ်ပေးဆောင်ပြီးပါက တစ်နေ့ လုံး ဝင်ထွက်ခွင့်ရရန် ပုံမှန်ဝင်ထွက် နေသော အငှားယာဉ်မောင်း အများစုက လိုလားလျက်ရှိသည်။
လက်ရှိအချိန်တွင် အဝေးပြေးကွင်း ဝင်ကြေးကို ဝင်သည့်အခေါက်တိုင်း ပေး ဆောင်နေရသည့်အတွက် တွက်ခြေမ ကိုက်ဖြစ်ကာ ခရီးသည်များထံမှ ကွင်း ဝင်ကြေးပေးရန် ပိုမိုတောင်းယူနေရကြောင်း ထားဝယ်မြို့ အလှသစ်စင်တာရှေ့တွင် ဂိတ်ထိုးပြေးဆွဲ နေသည့် အငှားယာဉ်မောင်း ဦးမြတ်ဇော်က ဆိုသည်။
“တစ်ခါပေးပြီးရင် တစ်ရက်လုံး ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ဝင်ခွင့်ရတာမျိုး လိုချင်တယ်”ဟု ဦးမြတ်ဇော်က ပြောသည်။

သုံးဘီးဆိုင်ကယ်ဖြင့် ထားဝယ်မြို့ တွင်းမှ အဝေးပြေးကားကွင်းကို စီးလုံး ငှားခ ကျပ် ၃၅၀၀ ခန့်မှ ကျပ် ၅၀၀၀ ခန့်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
အဝေးပြေးကွင်း ဝင်ကြေး ကောက် ခံခွင့်အတွက် ငွေပမာဏမည်မျှဖြင့် လေ လံဆွဲထားသည်ကို မသိရသော်လည်း လက်ရှိတွင် ကွင်းဝင်ကြေး ကောက်ခံ သည့်ငွေမှာ များနေသည်ဟု ထင်ကာ ဝင်သည့်အခေါက်တိုင်း ပေးဆောင်နေရ ခြင်းမှာ မဖြစ်သင့်ကြောင်း Hi Jet အ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ဆိုသည်။

“အခုက တိုကင်မပေးဘဲ တစ်ခါ ဝင် တစ်ခါပေးနေရတယ်၊ တစ်ခါ ပေးပြီးရင် နောက်ထပ် မပေးချင်တော့ ဘူး”ဟု ဦးဇော်ဝင်းက ပြောသည်။
အဝေးပြေးကွင်း ယာဉ်ဝင်ခွင့် ကောက်ခံမှုနှင့် ပတ်သက်၍ အခြား တိုင်းပြည်နယ်များတွင်လည်း ဝင် ရောက်သည့်အခေါက်တိုင်း ပေးဆောင် ရပြီး နေ့စဉ်ပုံမှန် ဝင်ထွက်လေ့ရှိသည့် ခေါက်တိုကား အချို့ကိုမူ လဖြတ်စနစ် ဖြင့်ပေးနိုင်ရန် ညှိနှိုင်းပေးထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဝေး ပြေးကွင်း ယာဉ်ဝင်ခွင့်ကောက်ခံမှု လိုင် စင်ရရှိထားသူထံ ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဖုန်းကိုင်ဖြေဆိုဖြင်းမရှိ သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
ဝင်ကြေးကောက်ခံခြင်းနှင့် ပတ်သက်၍ ခရီးသည်များ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဝင်ကြေးကောက်ခံသူနှင့် ယာဉ်မောင်းများအကြား အဆင်ပြေ စေရန် ညှိနှိုင်းရမည်ဖြစ်ပြီး ယင်းကိစ္စကို ကော်မတီအစည်းအဝေးတွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

“(လေလံလိုင်စင်) စည်းကမ်းချက် ထဲမှာ ပြင်ဖို့လိုအပ်နေပြီလေ၊ ဝန်ထုပ် ဝန်ပိုးတစ်ခု သွားဖြစ်နေတော့” ဟု ဦးကျော်ကျော်ဦးက ပြောသည်။
သုံးဘီးဆိုင်ကယ်နှင့် ထော်လာဂျီ ကို အဝေးပြေး ကွင်းဝင်ကြေးအဖြစ် ကျပ် ၄၀၀ ၊ တစ်တန်မှ သုံးတန်အထိ ကားများကို ၆၅၀ ကျပ် စသဖြင့် သတ် မှတ်ထားသည်။
ဝင်ကြေးကောက်ခံခွင့် လိုင်စင်ကို ငွေကျပ် ၃၆၅ သိန်းဖြင့် လေလံအောင် ထားကြောင်း မြို့နယ်စည်ပင်ကော်မတီ ထံမှ သိရသည်။