သက်ငယ်မုဒိမ်းဖြစ်ပွားမှု ယခင်နှစ်ထက် တစ်ဆကျော် ပိုများ

0
380

တနင်္သာရီတိုင်းအတွင်း အသက် ငယ်မုဒိမ်း ဖြစ်ပွားမှုအရေအတွက် ယမန်နှစ်ထက် တစ်ဆကျော် ပိုများ လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိမ်းကြောင့် အရေးယူသည့် အမှု အရေအတွက် ၁၆ မှုသာရှိရာမှ ယခုနှစ် ဒီဇင်ဘာလ ၂၀ ရက်အထိ အမှု ၄၀ အထိ ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။
ယင်းသို့ အရွယ်မရောက်သည့် ကလေးများအပေါ် ကျူးလွန်မှု များလာ သည့်ကိစ္စအား မည်ကဲ့သို့ တားဆီး မည်ကို အားလုံးဝိုင်းဝန်း စဉ်းစားရန် လိုအပ်နေပြီဟု ယူဆကြောင်း ၎င်းက ပြောသည်။

ကျေးလက်များတွင် သက်ငယ် မုဒိမ်း ဖြစ်ပွားမှုများပြီး ကလေးများကို နေအိမ်မှ ဝေးရာသို့ ခိုင်းစေခြင်းမလုပ်ရန်၊ အခြားသူများကို ယုံကြည်ပြီး ကလေး ကို မည်သည့်နေရာကိုမျှ မထည့်ရန် စသည့်အချက်များကို သတိထားရန် လိုအပ်ကြောင်း ရဲမှူးကြီးနေမျိုးက အကြံပြုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သက် ငယ်မုဒိမ်းကြောင့် အရေးသည့်အမှု ၆ ခုသာရှိပြီး ၂၀၁၆ ခုနှစ်တွင် ၁၆ ခု၊ ၂၀၁၇ ခုနှစ်တွင် ၄၀ ခုအထိ တိုးလာ ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် သက်ငယ်မုဒိမ်း ကျူးလွန်ရန် ကြံစည်မှု ၃၄ ကြိမ် ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းအရ သိရသည်။