ရန်ပုံငွေ အခက်အခဲကြောင့် ရေကန်ဘောင်ပတ်လည် ကျောက်မစီဖြစ်တော့

0
494

ပြန်လည်တူးဖော်နေသည့် မြိတ်မြို့ မြစ်ငယ်ရပ်ရှိ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ မင်္ဂလာကန်တော် (ရေ ကန်ဘောင်) ကန်ပတ်လည်ကို ရန်ပုံငွေ အခက်အခဲကြောင့် ကျောက်တန်းမစီ ဖြစ်တော့ကြောင်း မြို့နယ်စည်ပင် သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။
မူလက မင်္ဂလာကန်တော် ပတ် ပတ်လည်ကို ကျောက်တန်းများ စီခြင်း နှင့် ကန်ပတ်လည်လမ်းတို့တွင် အင်္ဂ တေလမ်းများ ခင်းကျင်းနိုင်ရန် စည်ပင် ကော်မတီမှ စီစဉ်ထားသည်။

“ကျောက်တန်းစီမယ်ဆိုရင် ကျပ် သိန်း ၂ သောင်းက ပေးတဲ့သူလည်း မရှိ။ လှူမယ့်သူလည်း မနည်းကိုရှာ နေရမယ်”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ် ကိုကိုက ပြောသည်။
ရေကန်၏ ရေထိန်းတံခါးများရှိ သည့်နေရာတွင်သာ ပေ ၅၀ မှ ပေ ၁၀၀ ခန့်ကို ကျောက်တန်းစီမည်ဖြစ်ကာ ကျန်အပိုင်းများကို ယခင်အတိုင်းထား ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရေကန်ဘောင် တူး ဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေပြီး အလှူငွေ ကျပ်သိန်း ၃၀၀၀ ရရှိ ထားပြီးဖြစ်ကြောင်း စည်ပင်ကော်မတီမှ သိရသည်။
ကန်အတွင်းရှိ ရေကို ရေစုပ်စက် ကြီး ၂ လုံးဖြင့် စုပ်ထုတ်ခြင်း၊ ရေထိန်း တံခါး ၂ ပေါက်ကို ဖောက်ချခြင်းနှင့် ကန်အတွင်းရှိ နုန်းများအား ဘတ်ဖိုး ယာဉ်တစ်စီးဖြင့် ဆယ်ယူနေကြောင်း ကော်မတီမှ သိရသည်။

ကန်ဘောင်အတွင်းရှိ ငါးများကို ရေပုန်းရပ်ကွက်ရှိ ရေကန်အတွင်းနှင့် လိပ်မျိုးစိတ်များအား ဦးမြတ်လေးပန်း ခြံဝင်းနံဘေးတွင် ကန်ဖြင့် ယာယီထိန်း သိမ်းထားကြောင်း ရေကန်ဘောင် ချစ် သူများအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက် နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ရေကန်တူးဖော်ရေး ဆောင်ရွက်နေသည်ကို လာရောက်ရှုခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ ဘတ်ဂျက်မှ ကျပ်သိန်း ၂၀၀၀ ချထား ပေးမည်ဟု နှုတ်ဖြင့်ပြောဆိုခဲ့ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။