မွန်တွင် ကျောင်းသူ / သား ၂၇၅၀၀ ကျော် တက္ကသိုလ်ဝင်တန်း ဖြေမည်

0
426

မွန်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါဦးရေတွင် ပြင်ပဖြေဆို သူများလည်း ပါဝင်ပြီး စာမေးပွဲကို မတ် လ ၇ ရက်နေ့တွင် စတင်ကာ မတ်လ ၁၇ ရက်နေ့တွင် ပြီးမည်ဟု သိရသည်။

“ပုံမှန်အားဖြင့် အချိန်ပိုသင်ကြား တယ်၊ အောင်ချက်နည်းတဲ့ မြို့နယ်တွေ က ကျောင်းသူ/သားတွေကို အုပ်ထိန်းမှု စနစ်နဲ့ လေ့ကျင့်သင်ကြားပေးတာ၊ အား နည်းတဲ့ ဘာသာရပ်တွေကို ကုစားသင် ကြားပေးတာတွေကို စနစ်တကျနဲ့ နှစ်စ ကတည်းက လုပ်ဆောင် လာခဲ့တယ်”ဟု ပြည်နယ်ပညာရေးမှူး ဦးမျိုးတင် အောင်က ပြောသည်။

မွန်ပြည်နယ်တွင် အ.ထ.က ကျောင်း ၉၂ ကျောင်း၊ အ.ထ.က (ခွဲ) ၆၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်းစုစုပေါင်းတက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်း ၁၆၇ ကျောင်းရှိကာ စာစစ်ဌာန ၅၀ ရှိသည်ဟု ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်၌၂၀၁၅-၂၀၁၆ ပညာ သင်နှစ်တွင် စာရင်းရှိ တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသူ။သား ၂၀၇၂၉ ဦးရှိခဲ့ကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာရင်းရှိကျောင်းသူ။သား၂၄၁၈၀ ဦးရှိသည်ဟု ပြည်နယ်ပညာ ရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်သည် မြန်မာတစ်နိုင်ငံ လုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံးရရှိလာခဲ့ရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနေရာသို့ အောင်ချက်ကျခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ ပြီးခဲ့နှစ်အထိ ပထမနေရာပြန်လည်ရရှိလာခဲ့သည့် ပြည်နယ်ဖြစ်သည်။