ရှင်ဓာတ်ဝဲစေတီ မူလပုံစံမပျက် ပြုပြင်ရန် နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြား

0
598

ထားဝယ်ဒေသရှိ ရှင်ကိုးရှင်သမိုင်း ဝင် ရှင်ဓာတ်ဝဲစေတီတော်ကို ငုံကာအ သစ်တည်ဆောက်နေမှုအပေါ် မူလအ တိုင်း ပုံစံမပျက်ပြုပြင်သွားရန် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က ညွှန် ကြားလိုက်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရ သည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ကာ တိုင်းသံဃနာယကအဖွဲ့ကို ညွှန်ကြား လိုက်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် တွင် ယင်းညွှန်ကြားစာရောက်ရှိလာ ကြောင်း တိုင်းသာသနာရေးဦးစီးမှူး ဦးရဲနိုင်ဝင်းက ဆိုသည်။
“ဒီပုံစံအတိုင်းပဲ ပြင်ရမယ်၊ ပိုလုပ် ထားတဲ့ဟာတွေကို ဖျက်ခိုင်းတာ”ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

ရှင်ဓာတ်ဝဲစေတီတော်ကို ငုံကာ အသစ်တည်ဆောက်မှုကို နိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်တွင် စုံစမ်း ရေးအဖွဲ့ဖြင့် လာရောက်စုံစမ်းစစ် ဆေးပြီးနောက် အထက်ပါအတိုင်း ညွှန် ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဥာဏ်တော်အမြင့် ၇၂ ပေ အမြင့်ရှိသည့် မူလစေတီတော်အောက်ခြေ တွင် ပန်းတင်ခုံအဖြစ် ၈ ပေခန့်ကို ကွန် ကရစ်လောင်းလိုက်သည့်အတွက် အရံ စေတီငယ်များ ၃ ပုံ ၂ ပုံခန့် ကွန်ကရစ် များ ဖုံးသွားခဲ့ကြောင်း ဦးရဲနိုင်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် ရပ်နားခိုင်း ထားသည့်အတွက် ပြုပြင်တည်ဆောက် မှုလုပ်ငန်းများကို ရပ်နားထားပြီး ပြန် လည်ဖျက်သိမ်းခြင်းကဲ့သို့ တစ်ခုခုလုပ် ဆောင်မည်ဆိုပါက သာသနာရေးက ခေါ်ယူပြောဆိုလိမ့်မည်ဖြစ်ကြောင်း ရှင် ဓာတ်ဝဲစေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်အေးက ပြောသည်။
“ဖျက်ပါဆိုတဲ့ အမိန့်ပေးထားရင် တော့ ဖျက်ရမှာပေါ့၊ ဖျက်လည်း ပြောစ ရာဘာမှမရှိဘူး”ဟု ဦးမောင်အေးက ဆို သည်။

ရှင်ဓာတ်ဝဲဘုရားသည် တနင်္သာရီ တိုင်းအတွင်း နိုင်ငံတော်ပြန်တမ်းဝင် ဘုရား ၃ဆူတွင် ပါဝင်ပြီး ယခုကဲ့သို့ ပြင်ဆင်နေမှုအပေါ် နိုင်ငံရေးပါတီ၊ အ ရပ်ဘက်အဖွဲ့အစည်းအချို့က အစဉ် တစိုက် ကန့်ကွက်နေကြသည်။