မွန်လူငယ်များနေ့ အခမ်းအနား ကျပ်သိန်း ၂၀၀ ကျော်သုံးမည်

0
470

ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျရောက် သည့် မွန်လူငယ်များနေ့ အခမ်း အနား အတွက် ငွေကျပ်သိန်း ၂၀၀ ကျော် ကုန်ကျ မည်ဟု ခန့်မှန်းထားကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ခြောက်ကြိမ်မြောက်ဖြစ်သည့် အဆိုပါ အခမ်းအနားကို ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာတွင် ကျင်းပသွားမည်ဟု အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ က ပြောသည်။

ပြည်တွင်းမှ မွန်တိုင်းရင်းသားများ အပြင် ထိုင်းနိုင်ငံမှ မွန်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
“နိုင်ငံရေးပါတီတွေကိုတော့ ဖိတ် ကြားဖို့ အစီအစဉ်မရှိဘူး”ဟု မွန်လူငယ် ဆုံရပ် (MYF) အထွေထွေအတွင်းရေးမှူး မင်းဇာနည်းဦးက ပြောသည်။
အနယ်နယ် အရပ်ရပ်ရောက် မွန် လူငယ်များ ခင်မင်ရင်နှီး လာစေရေးနှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် မွန်လူငယ်များနေ့ကို ရည်ရွယ်ကျင်းပရ ခြင်းဖြစ်သည်ဟု မွန်လူငယ်များနေ့ အ ခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် ဖြစ်သည့် ချောင်းဆုံ၊ ဘိုနက်ကျေးရွာ ဇေယျဝံသကျောင်းဆရာတော် ဦးဝရဝံသက မိန့်ကြားသည်။

အခမ်းအနားတွင် လူငယ်များ စ ကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ နှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင် မည်ဖြစ်ပြီး ပြခန်းများလည်း ပါဝင်မည် ဟု အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် မွန်လူငယ်များ အစည်းအဝေး စတင် ကျင်းပခဲ့သည့်နေ့ကို အစွဲပြုပြီး “မွန်လူ ငယ်များနေ” အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင် ကျေးရွာတွင် ကျင်းပခဲ့သည့် တတိယအ ကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖ လှယ်ပွဲတွင် ဆုံးဖြတ်ခဲ့သည်။

ပထမအကြိမ် မွန်လူငယ်များနေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက် ကျေးရွာ၊ ဒုတိယအကြိမ်ကို ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ၊ တတိယအကြိမ်ကို မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ စတုတ္ထအ ကြိမ်ကို ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း ကျေးရွာနှင့် ပဉ္စမအကြိမ်ကို သံဖြူဇရပ် မြို့နယ်၊ ဝါခရူကျေးရွာတို့တွင် ကျင်းပ ခဲ့သည်။