တည်ဆောက်ရေးလုပ်ငန်းစစ်ရန် အင်ဂျင်နီယာအဖွဲ့ ဖွဲ့မည်

0
369

တိုင်းအတွင်း အစိုးရဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသည့် တည်ဆောက်ပြု ပြင်ရေး လုပ်ငန်းများကို စစ်ဆေးရန် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့ခွဲ(တနင်္သာရီတိုင်း) ကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရ သည်။

ဌာနဆိုင်ရာ အင်ဂျင်နီယာဝန်ထမ်း အချို့နှင့် ဒေသနေ ပြင်ပအင်ဂျင်နီယာ များ ပါဝင်မည့် အဆိုပါအဖွဲ့က ပြည်သူ့ ဘဏ္ဍာငွေဖြင့် လုပ်နေသည့်လုပ်ငန်း များကို တတိယအဖွဲ့အစည်း အနေဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စိတ်ဝင်စား သည့် အင်ဂျင်နီယာများ ပါဝင်နိုင်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က ဆိုသည်။
“အဖွဲ့ကို လူသုံးဆယ်လောက်နဲ့ စပြီး ဖွဲ့သွားမယ်၊ တိုင်းထဲက အင်ဂျင်နီ ယာတွေလည်း အဖွဲ့မှာပါမယ်ဆို ဆက် သွယ်နိုင်တယ်”ဟု လမ်းဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။

အဆိုပါအဖွဲ့က စံမီ/မမီ စစ်ဆေး မည်ဖြစ်ကာ စစ်ဆေးသည့် အချက်များ ကို အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ခွဲ ဥက္ကဋ္ဌထံ တင်ပြမည်ဖြစ်ပြီး ၎င်းမှ တစ် ဆင့် သက်ဆိုင်ရာဌာနကို တင်ပြသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆောက်လုပ်ရေးကုမ္ပဏီများထံမှ လုပ်ငန်းတည်ဆောက်မှုတန်ဖိုး၏ ၁ ရာခိုင်နှုန်းကို ကောက်ခံမည်ဖြစ်ပြီး ယင်းကောက်ခံငွေဖြင့် တိုင်းအတွင်း သွားရောက်စစ်ဆေးရာတွင် အဖွဲ့ဝင် များကို ခရီးစရိတ် ထောက်ပံ့သွားမည်ဖြစ် ကြောင်း ဦးဝင်းမင်းထွဋ်က ပြောသည်။

ယင်းကဲ့သို့ တတိယ အဖွဲ့အစည်း ဖြင့် စစ်ဆေးမည်ကို လက်ခံကြိုဆိုကြောင်း ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ငွေထုတ်ရာမှာလည်း ဒီအဖွဲ့က စစ်ဆေးပြီးတဲ့ လက်မှတ်ပြရုံနဲ့ ငွေထုတ် နိုင်အောင် စီစဉ်သင့်တယ်”ဟု အဆိုပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

လက်ရှိအချိန်တွင် ဆောက်လုပ် ရေးကုမ္ပဏီများက အရစ်လိုက် ငွေထုတ် ယူရာတွင် သက်ဆိုင်ရာတည်/ကော်အဖွဲ့ လက်မှတ်များဖြင့် ထုတ်ယူနေရကြောင်း ၎င်းက ဆိုသည်။
အဖွဲ့ရုံးခန်းကို တိုင်းဒေသကြီး လမ်းဦးစီးဌာနတွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် ရပ်ရွာ အတွင်း ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်သည့် အငြင်းပွားသည့်ကိစ္စများ ပေါ်ပေါက်ပါက စစ်ဆေးပေးရန် ဖိတ် ခေါ်နိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။