သမုတ်-လော့လော့ မြစ်ကူးတံတားပြီးက ခရီး ၁၀ မိုင်ခန့် သက်သာမည်

0
503

မြိတ်မြို့နယ် သမုတ်ကျေးရွာ အုပ်စုရှိ သမုတ်-လော့လော့ မြစ်ကူး တံတားကြီး တည်ဆောက်ပြီးစီးပါက ၁၀ မိုင်ခရီးခန့် သက်သာသွားမည်ဖြစ် ကြောင်း တံတားဦးစီးဌာနမှ ယင်းတံ တား တည်ဆောက်ရေး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။
လက်ရှိ အသုံးပြုနေသည့် မြိတ်-ထားဝယ်-ရန်ကုန်မြို့ ကားလမ်း မကြီး ဖြစ်သည့် ရှောင်ကွင်းလမ်းသည် အတက် အဆင်း အကွေ့အကောက်များသည်။

“သမုတ်-လော့လော့ လမ်းက ဆိုရင် အတက်အဆင်းလည်း မရှိဘူး၊ ၁၀ မိုင်လည်း သက်သာသွာမယ်”ဟု လ/ထ ညွှန်ကြားရေးမှူး ဦးအောင်ကျော် စိုးက ပြောသည်။
မြိတ်-ကျွဲကူးတံတားအလွန် ဘုတ်လမ်းဆုံမှ ရှောင်ကွင်းလမ်းနှင့် လော့လော့လမ်းတို့ကို ခွဲထွက်သွားရ ကြောင်း သိရသည်။
“လမ်းတံတားတွေ ကောင်းလာမှပဲ ဒီဘက်က ရွာတွေလည်း စည်ကားလာ မယ်”ဟု လော့လော့ရွာသား ဦးသန်းထွန်း က ပြောသည်။

သမုတ်-လော့လော့ မြစ်ကူး တံတားကို ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာ နှစ်တွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေမှ ၁ ဘီလီယံ (ကျပ်သန်း ပေါင်း ၁၀၀၀) ရရှိထား ပြီးဖြစ်ကာ တံတားတစ်စင်းလုံး၏ ခန့်မှန်းကုန်ကျ ငွေမှာ ကျပ်သန်းပေါင်း ၇၈၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။
လက်ရှိတွင် အကြို လုပ်ငန်းများ ဖြစ်ကြသည့် ဝန်ထမ်းလိုင်းခန်းများ၊ ဘေလီတံတား ပေ ၉၀၊ ပေ ၁၂၀ ရှိ သစ်သား တံတား တစ်စီးနှင့် ရှင်းလင်း ဆောင်တို့ ဆောက်လုပ်ပြီးစီး ပြီဖြစ် ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

အရှည်ပေ ၁၂၈၇ ပေ ယာဉ်သွား လမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း မှာ တစ်ဖက်တစ်ချက်တွင် ၃ ပေစီ စုစုပေါင်း လမ်းအကျယ် ပေ ၃၀ ရှိမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၂ နှစ်မှ ၃ နှစ်အကြား ကြာမြင့်မည် ဖြစ်ကြောင်း ယင်းဦးစီး ဌာနမှ သိရ သည်။
လက်ရှိ လော့လော့ရွာမှ သမုတ် ကျေးရွာသို့ ကူးတို့စက်လှေများဖြင့် သွားလာနေရကြောင်း ယင်းရွာတို့မှ သိရသည်။