အွန်လိုင်းငွေကြေးလုပ်ငန်း ၂ ခု ငွေထုတ်မရတော့

0
652

တနင်္သာရီတိုင်းဒေသကြီးအတွင်း တွယ်ကျယ်စွာလုပ်ကိုင်နေသော အွန် လိုင်းငွေကြေး လုပ်ငန်း ၂ ခု ဖြစ်သည့် Coinspace နှင့် I Glob Ad တို့တွင် ငွေပြန်ထုတ်မရဖြစ်နေကြောင်း ယင်း လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ လုပ်ငန်း နှစ်ခုသည် စတော့ ရှယ်ယာဈေးကွက် ဖွင့်မည့်ရက် နှင့် ငွေပြန်ထုတ်နိုင်သည့်ရက်တို့ကို ထုတ်ပြန် ထားသည့်အတိုင်း မလုပ်ဆောင်ဟု ၎င်းတို့က ပြောသည်။
Coinspace ၏ စတော့ရှယ်ယာ ဈေးကွက်ကို နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ဖွင့်မည်ဟု ထုတ်ပြန်ထားသော် လည်း အမှန်တကယ် ဈေးကွက် မဖွင့် ခဲ့ဟုCoinspace တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေသူတို့က ဆိုသည်။

“လက်ရှိအနေအထားက ပြန်ရ မရ ဘာမှတောင် မပြောနိုင်တော့ဘူး” ဟု Coinspace တွင် ၄ သိန်းခွဲကျပ် ရင်းနှီးထားသူ ဦးဇော်ဇော်က ပြောသည်။
ကုမ္ပဏီဘက်မှ သတ်မှတ်ပြောဆို ထားသည့် ရက်တွင် ဈေးကွက်ဖွင့်မှသာ ရင်းနှီးငွေကြေးများကို ပြန်လည် ထုတ် ယူနိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နည်းနည်းတော့ ထပ်စောင့်ရအုံး မယ် ဈေးကွက်ဖွင့်ဖို့ အကြိတ်အနယ် ဆွေးနွေးနေရလို့တဲ့ အကြီးပိုင်းတွေက ဆွေးနွေးမှုတွေ လုပ်နေရလို့ပါ ရက်နည်း နည်းထပ်စောင့်ပေးရမယ်”ဟု Coinspace လုပ်ငန်း အဖွဲ့ဝင် UPLINE တစ်ဦး ဖြစ်သူ ဦးကြီးမျိုးက ပြောသည်။

သို့သော် Coinspace တွင် ငွေ ကြေး ထည့်ဝင်ထားသူများမှာ ထည့်ဝင် ငွေများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်မှု များ ရှိနေသည်။
“အပေါ်လိုင်း (Upline) လူက လကုန်ခါနီးမှ ပြန်လာလို့ ပြောထားတယ်။ ငွေတွေတစ်ပြားမှ မထုတ်ရသေးဘူး အရင်းအနှီးလေး ပြန်ရရင်တော်ပါပြီ”ဟု မြို့သစ်ရပ်နေCoinspace လုပ်ငန်း တွင် ငွေ ၄ သိန်းခွဲထည့်ဝင်ထားသူ ဒေါ်မိုးခိုင်က ပြောပြသည်။
ထို့ပြင်I Glob Ad (အိုင်ဂလို ဘယ်) ကုမ္ပဏီတွင် package တန်ဖိုး အလိုက် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားသူ များလည်း ငွေထုတ်မရဖြစ်နေကြောင်း အိုင်ဂလိုဘယ် လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

အိုင်ဂလိုဘယ် ကုမ္ပဏီက နိုဝင်ဘာလ ၂၇ ရက်တွင် ငွေထုတ်ရက်ဖြစ်နေ သော်လည်း ယင်းနေ့ မတိုင်ခင် ဝက်ဘ် ဆိုဒ် ပြုပြင်နေသည်ဟုဆိုကာ ယနေ့အချိန် ထိ ဝက်ဘ်ဆိုဒ်ပိတ်ထားကြောင်း အိုင်ဂလို ဘယ်လုပ်ငန်းတွင် ငွေကြေးထည့်ဝင် ထားသူအချို့က ပြောပြသည်။
လက်ရှိ ယင်းအိုင်ဂလိုဘယ်ဝက် ဆိုဒ်တွင်404 not founds ပြသနေပြီး ဝက်ဆိုဒ်ဖွင့်မရတော့ပေ။
ငွေထုတ် ရက်ဆိုသည်မှာ အိုင်ဂလို ဘယ်အကောင့်အတွင်းရှိ ဒေါ်လာများကို Perfect Money,Coinbase စသည့် အကောင့် များအတွင်းသို့ ဒေါ်လာများ လွှဲပြောင်း ခြင်း ဖြစ်သည်။

အဆိုပါ Coinspace နှင့်I Glob Ad တို့တွင် မြိတ်နှင့် ထားဝယ် မြို့တို့တွင် ရေပန်းစားနေသည့် အွန်လိုင်း ပေါ်မှ MLM( Multi-Level Marking) လုပ်ငန်းများ ဖြစ်ကြသည်။
လုပ်ငန်းခွင်မရှိသော ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီများ၊ အစုရှယ်ယာ ရောင်းချခွင့်မရှိသော ကုမ္ပဏီများကို ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရန်နှင့် အတိုးနှုန်းမြင့်မားစွာပေးမှု၊ အစုရှယ်များ အပေါ် အမြတ်ဝေစုများစွာ ခွဲဝေပေးမှု၊ ဆင့်ပွား ဈေးကွက် ပုံစံဖြင့် မက်လုံး ပေးမှုတို့ကို ရှောင်းရှားရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဗဟိုဘဏ်တို့က သတိပေးထားပြီး ဖြစ် ကြောင်း သိရသည်။