မိခင်အားဓားဖြင့် ရန်ရှာပြီး ကိုယ့်ကိုကိုယ် ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွား

0
572

မိခင်အား ဟင်းရွက်လှီးသည့်ဓား ဖြင့် ရန်ရှာပြီး မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု တစ်ခုနိုဝင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်က မြိတ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ မရဲစခန်းမှ သိရသည်။
မြိတ်မြို့ ပါရမီ ၂ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ် အရွယ် သားဖြစ်သူသည် နေအိမ်တွင် ပုံမှန်မဟုတ်ဘဲ ဓားတစ်စင်းဖြင့် သောင်း ကျန်းနေသဖြင့် အသက် ၆၃ နှစ်အရွယ် မိခင်ဖြစ်သူက ဝင်ထိန်းစဉ် ယင်းသို့ ရန် ရှာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူတွင် ဝဲဘက် နားရွက် နောက်၊ ယာဖက် ဇက်ပိုးနှင့် လက်သူ ကြွယ်တို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး စိုးရိမ်ဖွယ် အခြေအနေမရှိဟု မြိတ် ပြည်သူ ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦး က ပြောသည်။
မိခင်ဖြစ်သူက ဆေးကုသရန် မြိတ် ဆေးရုံကြီးသို့ ရောက်နေစဉ် နေအိမ်တွင် တစ်ယောက်တည်းကျန်ရစ်သည့် သား ဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ် သေခဲ့ကြောင်း သေဆုံးသူ၏ အစ်မဖြစ် သူက ပြောသည်။

“သူ ၁၇ နှစ်သားလောက်က ဦး နှောက်မှာ ထိခိုက်ဒဏ်ရာ ရပြီးကတည်း က စိတ်က သိပ်မမှန်တော့ဘူး”ဟု ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။
သေဆုံးသူသည် အရက်အလွန်အကျွံသောက်သုံးသူတစ်ဦးဖြစ်ပြီး အရက် ဖြတ်ထားသည်မှာ ၁၀ ရက်ခန့် သာ ရှိသေးကြောင်း မြိတ်မြို့မရဲစခန်း၏ မှတ်တမ်းနှင့် မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ သေဆုံးမှုအား သေမှုသေ ခင်းဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေ ဆုံးခြင်းဟုတ်။မဟုတ် စစ်ဆေးလျက်ရှိ ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။