မူးယစ်ဆေးဝါး အန္တရာယ်ပူးပေါင်းတားဆီးရေး မွန်ပြည်သစ်ပါတီ လူထုနှင့်ဆွေးနွေး

0
417

မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ထားဝယ်ခရိုင်အတွင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းနိုင်ရေးအ တွက် ဆွေးနွေးပွဲတစ်ရပ်ကို ရေးမြို့နယ် ပုပ္ဖ၀တီကျေးရွာရှိ ကိုရင်လေးကျောင်း တွင် နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။
မွန်ပြည်သစ်ပါတီလှုပ်ရှားသည့် နယ်မြေများအနက် ရေးမြို့နယ်မှ ရေဖြူ မြို့နယ်အထိကို ထားဝယ်ခရိုင်ဟု သတ် မှတ်ထားသည်။

ပြည်သူလူထုအကြား ပိုမိုဆိုးဝါး လာနေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကို အောင်မြင်စွာ တားဆီးနှိမ်နင်းနိုင်ရေး အတွက် တစ်ဖွဲ့ချင်းလုပ်နေမည့်အစား ပြည်သူလူထု၊ သံဃာနှင့် ပူးပေါင်းလုပ် ဆောင်သွားနိုင်ရန်အတွက် ရည်ရွယ် ကျင်းပသည်ဟု မွန်ပြည်သစ်ပါတီ ထား ဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဥာဏ်ထွန်းက ပြော သည်။
“မူးယစ်ဆေးဝါးအန္တရာယ်ကဘယ် ထိရောက်နေပြီလဲဆိုရင် အရင်ကလမ်း ပေါ်က လူငယ်တွေ သုံးတာလောက်ပဲ၊ အခုဆိုရင် စာသင်ကျောင်း၊ စာသင် တိုက်တွေထိ ရောက်လာတယ်”ဟု နိုင်ဥာဏ်ထွန်းက ဆိုသည်။

ဆွေးနွေးပွဲသို့ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်အတွင်းရှိ မွန်ပြည်သူလူထုစုစုပေါင်း ၃၀၀ ကျော် တက်ရောက်ကြပြီး အဓိကအားဖြင့် မူးယစ်ဆေးစွဲနေသူများကို ထိန်းသိမ်း ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်း မည်ကဲ့ သို့ ဆောင်ရွက်သွားရန် ဆေးမစွဲသေး သူများကို ဆေးမစွဲအောင် မည်ကဲ့သို့ တားဆီးရမည်ဆိုသည်ကို ဆွေးနွေးကြ သည်။