ရေဖြူမှ သရက်ချောင်းအထိ လေးလမ်းသွား ချဲ့မည်

0
464

ရေဖြူ-ထားဝယ်-သရက်ချောင်း လမ်းကို လေးလမ်းသွားအဖြစ် လာမည့် နှစ်တွင် စတင်လုပ်ဆောင်သွားရန် လျာထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင် ကူးသန်း သွားလာမှု များပြားလာသည့်အတွက် လက်ရှိ ၂ လမ်းသွား(၂၄ပေ)မှ ၄ လမ်း သွား(၄၈ပေ)အထိ ချဲ့သွားမည်ဖြစ်ပြီး ၃ နှစ်ခန့် အချိန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

“လမ်းချဲ့ဖို့ မြေတာဘောင်ဖို့တဲ့ လုပ်ငန်းကို လာမည့်နှစ်မှာ လုပ်ဖို့ မျှော်မှန်းထားတယ၊် လမ်းကတော့ AC (နိုင်လွန်ကတ္တရာ) လမ်းဖြစ်မှာပါ”ဟု တိုင်းဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြော သည်။
အဆိုပါ လမ်းပိုင်းတွင် ရန်ကုန်- ထားဝယ်-မြိတ် သွားလာသည့် မှန်လုံ ကားများ၊ ဆိုင်ကယ်များဖြင့် သွားလာမှု များပြားသဖြင့် တိုးချဲ့သင့်ကြောင်း ထားဝယ်မြို့ခံ ယာဉ်မောင်းတစ်ဦးဖြစ် သည့် ဦးဟိန်းအာကာက ဆိုသည်။

အဆိုပါလမ်းပိုင်းရှိ နေရာအချို့ တွင် နေအိမ်များနှင့် နီးကပ်နေသည့် အတွက် ၎င်းတို့၏ သဘောတူညီမှု အပေါ်မူတည်ကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်း ဦးစီးဌာနထံမှ သိရသည်။