မွန်နှစ်ပါတီ ပထမအကြိမ်တွေ့ဆုံအပြီး အချက် ၃ ချက် သဘောတူ

0
515

မွန်နိုင်ငံရေးပါတီ ၂ ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDPနှင့် မွန်အမျိုးသားပါတီ MNP တို့ပထမအကြိမ် တွေ့ဆုံမှုအပြီး တွင် အချက် ၃ ချက် သဘောတူထားကြ သည်ဟု နှစ်ဘက်ပါတီ ခေါင်းဆောင် များထံမှ သိရသည်။

မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ကိုယ်စားလှယ် ၃ ဦးစီပါသည့် နှစ်ဖက် ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ ဆုံမှုမှ (၁) နှစ်ဘက်ကိုယ်စားလှယ် ၃ ဦး က တစ်လတစ်ကြိမ် တွေ့ဆုံသွားရန် ကြားကာလ အရေးပေါ်ကိစ္စရှိလာပါ ချိတ်ဆက် တွေ့ဆုံသွားရန်၊ (၂) အမျိုး သားရေးကိစ္စများကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားရန်နှင့် (၃) ပေါင်းစည်း ရေးအတွက် အကြိမ်ကြိမ် ညှိနှိုင်းဆောင် ရွက်သွားရန်ဟူသည့် အချက် ၃ ချက် သဘောတူထားကြသည်ဟုMNP ပါတီ ကိုယ်စားလှယ်ခေါင်းဆောင် နိုင်ချစ်ဦး က ပြောသည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ကြားခံညှိနှိုင်းပေးသည့် အဖွဲ့မပါဘဲ ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကြိုးပမ်းသွားမည် ဟု နှစ်ပါတီခေါင်းဆောင်တို့က ဇွန်လ ခန့်က ထုတ်ဖော်ပြောပြီးနောက် နှစ်ပါ တီကိုယ်စားလှယ်တို့ ပထမဆုံး တွေ့ ဆုံကြခြင်း ဖြစ်သည်။