ဆလုံကျွန်းပေါ် ခရီးသွားလုပ်ငန်းတိုးချဲ့ရန်ရေး တိုင်းအစိုးရထံ အဆိုပြုသင့်ဟု ပြည်ထောင်စုဝန်ကြီးဆို

0
389

ကော့သောင်းမြို့နယ် အတွင်းရှိ ဆလုံကျွန်းပေါ်တွင် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ရန် တနသာင်္ရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အဆို ပြုသင့်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အုန်းမောင်က ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေးတွင် ကော့သောင်းမြို့ နယ်မှ ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်း မေးမြန်းသည့် ဆလုံကျွန်း တွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ထပ်မံတိုးချဲ့ ဆောင်ရွက်ပေး နိုင်ခြင်း ရှိ /မရှိဆိုသည့် မေးခွန်းကို ဝန်ကြီးဦးအုန်းမောင်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်းပေါ်ရှိ မြေဧရိယာကို တိုင်း ဒေသကြီးအစိုးရက စီမံခန့်ခွဲသော ကြောင့် ကျွန်းပေါ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတိုးချဲ့ရန် တိုင်းအစိုး ရကိုသာ အဆိုပြုတင်ပြသည်ဟု ဦးအုန်းမောင်က ဆိုသည်။
ပြည်ထောင်စုဝန်ကြီးဌာနအနေ ဖြင့်မူ အဆိုပါကျွန်းပေါ်၌ ယခုပွင့်လင်း ရာသီတွင် လုပ်ငန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း (Feasible Study) လုပ် ဆောင်နိုင်ရန် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ပုဂ္ဂလိကဟို တယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ပုဂ္ဂလိကဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များအား လုပ်ငန်းဆိုင်ရာအ ကြံပေးခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပုလုံးတုံတုံးကျေးရွာအုပ်စုအတွင်း ပါဝင်သည့် အဆိုပါ ဆလုံကျွန်းပေါ်တွင် ယခင်က ခရီးသွားလုပ်ငန်းနှင့် လင်း ပိုင်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူး ကြောင်း ဝန်ကြီးဦးအုန်းမောင်၏ ဖြေ ကြားချက်အရ သိရသည်။
“ဆလုံကျွန်းပေါ်မှာ လင်းပိုင်မွှေး မြူဖို့ လုပ်တာတွေလည်း အလုပ်မဖြစ်ဘူး၊ ဟိုတယ် လုပ်ငန်းခရီးသွားလုပ်ငန်းလုပ် ဖို့ လျှောက်ထားသူတွေလည်းရှိတော့ တိုးချဲ့ လုပ်လိုက်မယ်ဆိုရင် မြို့နဲ့လည်း နီး၊ ဖွံဖြိုးတိုးတက်မူလည်း ကောင်းမွန် လာပြီး ဒေသခံတွေအတွက်လည်း ပိုအဆင်ပြေလိမ့်မယ်၊ ဒါကြောင့်မို့ တင်ပြတာပါ”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း က ဆိုသည်။

ဆလုံကျွန်းပေါ်တွင် ပုံစံ ၇ ရထား သည့်မြေ ၃၃၆ ဒဿမ ၅ ဧက၊ ဘုရား မြေ ၁၇ ဧက၊ Shambhala ကုမ္ပဏီက ဟိုတယ်မြေအဖြစ် လ / န ၃၉ ရထား သည့် မြေ ၂၀ ဧက နှင့် စိုက်ပျိုးမြေနှင့် တောရိုင်းဧက ၃၅၆ ဒဿမ ၉၆ ဧက စုစုပေါင်းဧက ၇၃၀ အကျယ်အဝန်းရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးအုန်းမောင်၏ ဖြေကြားချက်အရ သိရသည်။