ထားဝယ် ၆၆ ကေဗွီဓာတ်အားလိုင်း မည်သူ့တွင် တာဝန်ရှိသနည်း

0
405

လတ်တလော ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီးအပျက်များရခြင်း၏ အဓိက တရားခံမှာ ထားဝယ်-ကံပေါက် သွယ်တန်း ထားသော ၆၆ ကေဗွီ ဓာတ်အားလိုင်း ဖြစ် သည်ဟု လျှပ်စစ်တာဝန်ရှိသူများက ပြော ကြသည်။
ယင်းဓါတ်အားလိုင်းပေါ်သို့ ဝါးပင်၊ ကွမ်းပင်များ၊ သစ်ကိုင်းများ ကျိုးနေခြင်း တို့ကြောင့် လျှပ်စစ်မီး ခဏခဏ ပျက်နေရ ကြောင်း ပြောဆိုကြသည်။
ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ထုတ် လုပ်ဖြန်ဖြူးမှုတွင် ထုတ်လုပ်ရေးကို GGS ကုမ္ပဏီက လုပ်ကိုင်နေပြီး ၎င်း၏တာဝန်မှာ ကံပေါက်ဓာတ်အားထုတ်စက်ရုံမှ ထုတ်လုပ် သည့်ဓာတ်အားကို ကံပေါက်လိုင်းပေါ် တင်ပေးရန်သာ ဖြစ်သည်။

ယင်းလိုင်းကို တာဝန်ယူရန်မှာ လျှပ် စစ်ဖြန်ဖြူးခွင့်ရ ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) ဖြစ်ပြီး လျှပ်စစ်ဌာန၏တာဝန်မှာ ထုတ်လုပ်/ဖြန့်ဖြူး ကုမ္ပဏီနှစ်ခုကို ပူးပေါင်း ပံ့ပိုးရန်သာဖြစ်ကြောင်း တိုင်း၊ ခရိုင်လျှပ်စစ် ဌာန တာဝန်ရှိသူများက ပြောသည်။
သို့သော် DDPC၏ လျှပ်စစ်ဖြန့်ဖြူး ရေး တာဝန်ခံကမူ ၎င်းတို့ အဓိကတာဝန်မှာ ထားဝယ်ခရိုင် ၄ မြို့နယ်အား လျှပ်စစ် ဖြန့်ဖြူးရန်သာဖြစ်ပြီး ယင်းလိုင်းကို DDPCက တာဝန်ယူရမည်ဟု စာချုပ်တွင် အသေးစိတ် အချက်အလက်မပါဝင်ဟု ဆို ပြန်သည်။

လျှပ်စစ်ဆိုင်ရာဥပဒေတွင် ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးဟူ၍ ၃ပိုင်းပါရှိပြီး လက်ရှိ တွင် ပို့လွှတ်မှု အပိုင်းကို DDPC ၏ တာဝန်၊ လျှပ်စစ်ဌာနတာဝန် အငြင်းပွားနေရ ကြောင်း DDPC ကုမ္ပဏီ၏ လျှပ်စစ်ဖြန့်ဖြူး ရေးတာန်ခံ ဦးဇော်မျိုးလတ်က ပြောသည်။
“ပို့လွှတ်သည် အရေးကြီးအခန်းကဏ္ဍ မှာ ပါတယ်၊ ဘယ်ကုမ္ပဏီပဲလာလာ နေရှင်နယ် ဂရင့်ပဲလာလာ အဲဒီ ပို့လွှတ်ကို ဘယ်ကုမ္ပဏီမှ ပေးလို့မရဘူး၊ အဲဒါ ပင်မ သွေး ကြောခေါ်တာ။ စာချုပ်ထဲမှာ အဲဒါ အသေး စိတ်မပါဘူး၊ ခြုံနွယ်ရှင်းတာတို့ ဘာတို့ ပါတယ်”ဟု ဦးဇော်မျိုးလတ်က ဆိုသည်။

နိုင်ငံတွင်း အခြားဒေသများတွင် ယင်း သို့သော ၆၆ ကေဗွီလိုင်းများအား နိုင်ငံတော် လုံခြုံရေးအရ အစိုးရကသာ တာဝန်ယူကြ ကြောင်း ၎င်းက ပြောသည်။
တိုင်းအစိုးရအဖွဲ့နှင့် DDPC တို့ အကြား ချုပ်ဆိုထားသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ခွဲဝေလုပ်ကိုင်ခွင့်ပေးသည့် သဘောတူ စာချုပ်တွင် “လုပ် ကိုင်ခွင့်ရသူသည် (၆၆)ကေဗွီ ကံပေါက်- ထားဝယ် လျှပ်စစ်ဓာတ် အားလိုင်း၊ (၃၃)ကေဗွီ၊ (၁၁)ကေဗွီ ဓာတ် အားလိုင်း၊ (၄၀၀)ဗို့ဓါတ်အားလိုင်းနှင့် (၆၆/၁၁)ကေဗွီ၊ (၃၃/၁၁)ကေဗွီ ဓာတ် အားခွဲရုံ၏ အရေးပေါ် ပြုပြင်ဆောင်ရွက် မှုများတွင် ခွင့်ပြုသူ၏ဌာနမှ ကျွမ်းကျင် ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်သွား ပါမည်။

ထိုသို့ ပြုပြင်ရာတွင် ကုန်ကျသော အသုံးစာရိတ်ကို လုပ်ကိုင် ခွင့်ရသူက ကျခံ ပါမည်”ဟု ပါရှိသည်။
စာချုပ်အရဆိုက အရေးပေါ်ဖြစ်မှ ပြုပြင်ရမည့် အနေအထား ဖြစ်သည်။
DDPC ၏ စာချုပ်သက်တမ်းမှာ အစမ်းကာလအဖြစ် ၆ လသာ လုပ်ကိုင် ခွင့်ရသဖြင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အခက်အခဲရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူ တို့က ဖွင့်ဟကြသည်။

လက်ရှိတွင် ယင်းလိုင်း တစ်လျှောက် ကို လာရောက်ထိခိုက်နိုင်သော ဝါးပင်များ ကို တိုင်းအစိုးရအဖွဲ့၊ လျှပ်စစ်ဌာန၊ ထုတ်လုပ်/ဖြန့်ဖြူးကုမ္ပဏီများ ပူးပေါင်း ရှင်းလင်းနေကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်းမှ အသင်းအဖွဲ့ အချို့နှင့် လျှပ်စစ်မီးသုံးစွဲသူတို့က အစိုးရ အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာန နှင့် ကုမ္ပဏီနှစ် ပါဝင်သော “၆၆ ကေဗွီ ဓါတ်အားလိုင်း စောင့်ကြည့် လေ့လာကော်မတီ ဖွဲ့စည်းပေးရန်” တောင်းဆိုခဲ့ ကြသည်။

နိုင်ဘာ ၁ ရက်နေ့ ထားဝယ်မြို့ ဇေယျာထက်စံဟိုတယ်တွင် ကျင်းပသော “ထားဝယ်ခရိုင်အတွင်းရှိ လျှပ်စစ်မီး အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲ” အပြီးတွင် ယင်းသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ရေရှည်တွင် ယင်းလိုင်းအား မည်သည့် အဖွဲ့အစည်းက တာဝန်ယူမည်ကို ကွဲပြား ခြင်း မရှိသေးပေ။