လမ်းမီးအတွက် LED မီး ကိုယ်ထူကိုယ်ထ တပ်ဆင်

0
456

ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ် ကွက်တွင် လမ်းမီးအတွက် LED မီး ကိုယ်ထူကိုယ်ထ တပ်ဆင်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
လမ်းမီးများမလင်းခြင်း၊ မီးချောင်း များလောင်ကျွမ်းခြင်း စသည်တို့ကို မီး လင်းရေးကုမ္ပဏီများမှ လာရောက်မပြု ပြင်ပေးသည့်အတွက် မီးချောင်းအစား ထိုးလဲလှယ်ခြင်း၊ လိုအပ်သည့် လျှပ်စစ် ပစ္စည်းများ လဲလှယ်ခြင်း စသည်တို့ကို ယခုလမှ စ၍ ကိုယ်ထူကိုယ်ထ လုပ် ဆောင်လျက်ရှိကြောင်း ဘုရင့်နောင်ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြော သည်။

“လောလောဆယ် လမ်းမီးတိုင် ၁၀ တိုင်ကျော်တော့LED မီးလုံးနဲ့ လဲတပ် ထားတယ်” ဟု ၎င်းက ပြောသည်။အပတ်စဉ် ပြုလုပ်နေသည့် ရပ်^ကျေးအုပ်ချုပ်ရေးမှူးများ အစည်း အဝေးများတွင် လမ်းမီးနှင့် ပက်သက်၍ တင်ပြဆွေးနွေးကြပြီး လတ်တလော အဆင်ပြေစေရန် ကိုယ်ထူကိုယ်ထ အစီ အစဉ်ဖြင့် လုပ်ကြရန် ဝိုင်းဝန်း အကြံ ပေးကြသည့်အတွက် ယင်းသို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

အခြားရပ်ကွက်များတွင်မူ ကိုယ်ထူ ကိုယ်ထလုပ်ဆောင်ခြင်း မရှိ သေးပေ။” မလုပ်တာတော့ မဟုတ်ပါဘူး၊ ကိုယ်ထူကိုယ်ထက ကိုယ့်ရပ်ကွက်အား နဲ့ လုပ်နိုင်ပါတယ်၊ ခုက မီးကုမ္ပဏီ အပြောင်းအလဲရှိနေတော့ ခဏ စောင့် ကြည့်နေတာပါ” ဟု ရွှေဇင်ယော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြော သည်။

ကော့သောင်းမြို့တွင် လမ်းမီး တိုင်ပေါင်း ၈၀၀ ကျော်ခန့်ရှိကြောင်း မြို့နယ်လျှပ်စစ်ဌာနထံမှ သိရသည်။